၂၁ ရာစုမှာနေနေတဲ့ မော်ဒန် အမျိုးသားတွေအတွက် ဖက်ရှင်ဆိုတဲ့ အရာကတစ်ဖက်တစ်လှမ်းကနေအရေးပါ ပါတယ်။Formal ဖြစ်ပြီး ဘောင်ဝင်စေမယ့် အဝတ်အစားဝတ်သွားတာနဲ့ပဲ မပြီးသေးပါဘူး။ Fashionable ဖြစ်တဲ့အပြင် Class တစ်ခုရှိလာအောင်ဆိုရင်တော့ အဝတ်အစားအပြင်အသုံးအဆောင်တွေကိုထပ်ဖြည့်ဖို့လိုလာပါတယ်။

Source: esquire.com

ဒီနှစ်မှာတော့ ခေတ်စားလာတဲ့ ယောက်ျားလေးတွေအတွက် ဖက်ရှင်ရဲ့ဦးတည်ရာကတော့ Mixing Style လို့ခေါ်ပါတယ်။ နားလည်အောင်ပြောရရင်တော့ တသတ်မှတ်တည်းမဟုတ်ပဲနဲ့ ကိုယ်ကြိုက်တဲ့ ဖက်ရှင် နှစ်သို့သုံးခုကိုရောဝတ်တာမျိုးပါ။ မောဒန်ပုရိသတွေအနေနဲ့ လွတ်လပ်တဲ့အငွေ့အသက်တစ်ခုကိုခံစားရမှာဖြစ်ပါတယ်။ သို့ပေမဲ့ လိုက်နာသင့်တဲ့အချက်တစ်ခု ကအပေါ်မှာပြောခဲ့သလိုပဲ Accessories တွေကိုတွဲပြီးဝတ်ဆင် တတ်ဖို့ပါပဲ။

Source: esquire.com

ဥပမာပေးရရင် မီးခိုးရောင် Suit တီရှပ် နဲ့ နောက်ပိုင်းခေတ်စားတဲ့ Sneakers ကိုဝတ်ဆင်တာက Mixing Style ပါ။ နောက်ပြီး Oversized Messenger Bag (အိတ်) ထပ်လွယ်တာမျိုးက sartorial sense ကိုထပ်ဖြည့်တာမျိုး ပဲဖြစ်ပါတယ်။ဒီလိုဖက်ရှင်ဟာ ခရီးသွားနေကျသူတွေအတွက်ဆိုပိုသင့်တော်ပါတယ်။

Source: esquire.com

ဆားမပါတဲ့ ဟင်းကပေါ့သလိုပဲ Accessory မပါတဲ့ဝတ်ဆင်မှုကို ဖက်ရှင်လို့မခေါ်နိုင်ပါဘူး။၂၀၁၈ ရဲ့မော်ဒန် ပုရိသတွေအတွက် Layer up ဖြစ်စေမယ့် အကောင်းဆုံး Accessories တွေကို စားရင်းနဲ့ဖော်ပြပေးလိုက်ပါတယ်။