ပေါခ့်အဆိုတော် BOA ဟာ တောင်ကိုရီးယားနိုင်ငံမှာ ၁၉၈၆ ခုနှစ်က မွေးဖွားခဲ့တဲ့ ပုရိသတွေ အသည်း စွဲ အဆိုတော်မလေး တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အနုပညာနဲ့ အလှအပတွေကြောင့် တောင်ကိုရီးယားနိုင်ငံ တွင် သာမက ကမ္ဘာတစ်ဝန်းလုံးက ပရိသတ်တွေရဲ့ အားပေးနှစ်သက်ခြင်းကို ခံနေရသူ ဖြစ်ပါတယ်။ ပုရိသပရိသတ် တွေကတော့ အထူးအားပေးနေခဲ့တာပေါ့။

BOA ရဲ့အမည်အပြည့်အစုံ

Source : quicktoptens.com

ပေါခ့်ဘုရင်မ BOA ရဲ့ နာမည် အပြည့်အစုံကတော့ Kwon Bo-ah ပဲဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေက ချစ်စနိုးနဲ့ သူမကို ဘိုအာ လို့လည်း ခေါ်ကြပါသေးတယ်။

အနုပညာလှုပ်ရှားမှု

Source: popcornfor2.com

ပေါခ့်အဆိုတော်မလေး Bo-ah ဟာ ပေါခ့်သီချင်းများသာမက R & B သီချင်းတွေကိုလည်း ပိုင်နိုင်စွာသီ ဆိုတတ် သူတစ်ဦး ဖြစ်ပါတယ်။ သူမဟာ အဆိုတော်တစ်ဦးအပြင် တေးရေးသူ၊သရုပ်ဆောင်၊အကမယ်တစ်ဦး အဖြစ်လည်း လူသိများ ထင်ရှားနေသူ ဖြစ်ပါတယ်။

အနုပညာသက်တမ်း

Source: Amazon.com

၂၀၀၀ပြည့်နှစ်၊သြဂုတ်လထဲမှာ ဖြန့်ချီခဲ့သော Bo-ah ရဲ့ ပွဲဦးထွက် အယ်လ်ဘမ် ဖြစ်သော ‘ ID Peace B’ ဆိုတဲ့ အယ်လ်ဘမ်ဟာ ပရိသတ် အားပေးမှု အခိုင်အမာကို ရရှိခဲ့ပါတယ်။ ပရိသတ်တွေပေးတဲ့ ကိုရီးယားပေါခ့် ဘုရင်မ ဆိုတဲ့ ဘွဲ့ကိုလည်း ခံယူထားရသူ တစ်ဦးဖြစ်ပါတယ်။ ယခုဆိုလျင် သူမရဲ့ အနုပညာသက်တမ်းမှာ ၁၈ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှု

Source: search.yahoo.co.jp

ကိုရီးယားပေါခ့်ဘုရင်မ BOA သည် သြဂုတ်လတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပခဲ့တဲ့ ‘ A-Nation 2018’ ဖျော်ဖြေပွဲတွင် တခြား K-Pop အဖွဲ့များနှင့်အတူ ဖျော်ဖြေခဲ့ပါတယ်။