ကျော်ကိုကိုဟာ မြန်မာ့လက်ရွေစင်အသင်းအတွက် အားထားရသော တိုက်စစ်မှူးတစ်ယောက်ပါ။ ကျော်ကိုကို ကိုတော့ (၁၉၉၂) ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ ယခုလက်ရှိချိန်မှာတော့ ထိုင်းကလပ် ချင်းရွိုင်းယူနိုက်တက်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတွင် ကစားနေပါတယ်။

Source: www.fourfourtwo.com

သူ့ကိုတော့ မန္တလေး အမရပူရမြို့နယ်တွင် မွေးဖွားခဲ့ပါတယ်။ အသက် (၁၃) နှစ် အရွယ်မှာတော့ မန္တလေးအားကစားနှင့် ကာယသိပ္ပံတွင် သင်ကြားခဲ့ပြီး (၂၀၀၉) ခုနှစ်တွင်တော့ ဇေယျာရွေမြေအသင်းသို့ ပြောင်းရွေ့ခဲ့ပါတယ်။ သူဟာ ဇေယျာရွေမြေအသင်းတွင် အသက် (၁၇) နှစ်အရွယ်ထဲက စတင်ကစားခဲ့ပါတယ်။

Source: www.affsuzukicup.com

ဇေယျာရွေမြေအသင်းတွင်  အရွယ်နဲ့မမျှအောင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသက် (၁၈) နှစ်တွင် မြန်မာလက်ရွေးစင်အသင်းမှ ကမာ့္ဘဖလားခြေစစ်ပွဲဝင်လူစာရင်းတွင် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ (၂၀၁၁) ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ (၂၃) အသင်းနဲ့အတူလိုက်ပါပြီး မြန်မာအသင်းကို ကြေးတံဆိပ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲတွင် ငါးဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ထိုပြိုင်ပွဲအပြီးတွင် ကျော်ကိုကိုသည် Goal.com မှရွေးချယ်သော အရှေ့တောင်အာရှလူငယ်အကောင်းဆုံး ဘောလုံးသမား (၁၁) ဦးစာရင်းတွင်ပါဝင်ခဲ့ပါတယ်။

Source: www.junpiterfutbol.com

ဒီဇင်ဘာ (၁၅)  ရက် ၊ (၂၀၁၁) ခုနှစ်တွင် ကျော်ကိုကိုသည် မြန်မာဘောလုံးအဖွဲ့ချုပ်မှချီးမြှင့်သော အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။ ဂိုးသွင်းရာတွင်ထူးချွန်ပါးနပ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ထိုအချိန်ကာလက အာဆီယံဒေသတွင်း ကြောက်လန့်စရာအကောင်းဆုံးတိုက်စစ်မှူးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

နောက်ပိုင်းတွင်တော့ အသင်းအုပ်ချုပ်သူနည်းပြနှင့် ပုဂ္ဂိုလ်ရေးအဆင်မပြေမှုတွေရှိတာကြောင့် လက်ရွေးစင်အသင်းမှ ကာလအတော်ကြာ အနားယူခဲ့ပါတယ်။

Source: Football Tribe

(၂၀၁၂) ခုနှစ်လောက်တုန်းက နုရင်ဘတ်အသင်းမှ ကျော်ကိုကို ကို ဒေါ်လာ (၀.၅) မီလီယံဖြင့် ခေါ်ယူမည်ဟု သတင်းထွက်ပေါ်ခဲ့ပါတယ်။ ထို့အတူ ပရီးမီးယားလိဂ်ကလပ် QPR မှလည်း ကျော်ကိုကိုကစားပုံကို YouTube တွင်ကြည့်ရှုပြီး ခေါ်ယူရန်စိတ်ဝင်စားနေပါတယ်ဆိုပြီး ကောလဟာလတွေလည်း ထွက်ခဲ့ဖူးပါတယ်။