သြဂုတ်လ တစ်ရက်နေ့ကမှ ထွက်ရှိတဲ့ အောင်ထက် ရဲ့ တေးသီချင်းတစ်ပုဒ်ကို တေးချစ်သူတွေအတွက် ဖော်ပြပေးချင်ပါတယ်။ သီချင်းလေးရဲ့ အမည်ကတော့ လမ်းခွဲ အသည်းကွဲပါတဲ့။သီချင်းသံစဉ်လေးကလည်း ခပ်မိုက်မိုက် စာသားတွေကလည်း အလန်းစားတွေပါပဲ။ ဒီခေတ်ရဲ့ စုံတွဲတွေနဲ့ ကိုက်ညီတဲ့ တေးသီချင်းလည်း ဖြစ်ပါတယ်။

Source: Aung Htet Fan

ငါကိုယ်တိုင်ပဲလမ်းခွဲတယ်…

ငါကိုယ်တိုင်ပဲအသည်းကွဲတယ်…

ငါကိုယ်တိုင်လည်းမနေနိုင်ပဲ..

ငါတစ်ယောက်တည်းသတိရတယ်…တဲ့…။ဘဝမှာ ရင်နာနာနဲ့ ကိုယ်က အရင်နှုတ်ဆက်ခဲ့ရတဲ့သူတွေရှိခဲ့မယ်ဆိုရင်တော့ ဒီသီချင်းလေးက ဟက်ကို ငြိနေအောင် ထိမှာ သေချာပါတယ်။

Source: The Myanmar Times

ဒီသီချင်းလေးဟာ Myanmar Top 100 တေးသီချင်းတွေထဲမှာ နံပါတ်တစ်နေရာကို ရောက်ရှိပြီး ပရိသတ်တွေ သဘောကျနှစ်ခြိုက်ခြင်းကို ရရှိထားတဲ့ တေးသီချင်းကောင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ အောင်ထက်ဟာ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်ရဲ့ အချစ်ကို သိမ်းပိုက်သွားနိုင်ခဲ့ပြီး သူ့ကို ချစ်ကြသူများကတော့ အပ်ထောင်ရယ်လို့ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။

Source: Aung Htet Fan