အလုပ်အဆင်ပြေတိုးတက်ဖို့အတွက် ဝေဖန်ပြစ်တင်မှုတွေဟာ မလိုအပ်တဲ့ကိစ္စတွေဖြစ်ပါတယ်။ အမြဲအပြစ်ပြောတတ်တဲ့သူတစ်ယောက်ဖြစ်နေပြီဆိုရင် အဲ့အကျင့်ကို အမြန်ပြုပြင်သင့်ပါတယ်။

ကဲ့ရဲ့ပြစ်တင်တတ်သူတစ်ဦးလား

Source: exame.abril.com.br

လုပ်ငန်းခွင်မှာ အပြစ်တင်ပြောဆိုမှုတွေ မရှိသင့်ပါဘူး။ ကိုယ့်လက်အောက်ဝန်ထမ်းကိုဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ကိုဖြစ်စေ ပြစ်တင်ပြောဆိုမှုတွေကို ရှောင်သင့်ပါတယ်။ သူတို့တွေရဲ့ကိုယ်ရည်ကိုယ်သွေးတွေ၊ ခင်မင်ရင်းနှီးမှုတွေဟာ သင့်ရဲ့ပြစ်တင်ကဲ့ရဲ့တဲ့အကျင့်ကြောင့် ပျောက်ဆုံးသွားတတ်ပါတယ်။

အကောင်းမြင်တတ်ပါစေ

Source: concord.rs

မည်သူ့အပေါ်မဆို အမြဲအကောင်းမြင်တတ်အောင်လေ့ကျင့်ပါ။သင့်ရဲ့အကောင်းမြင်စိတ်ဟာ ဆိုးသွမ်းတဲ့သူတွေကိုတောင် လူကောင်းဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ်။

နားဝင်အောင်ပြောဆိုပါ

Source: delfi.lt

လက်အောက်ဝန်ထမ်းဟာ အမှားတွေလုပ်ဆောင်မိပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ ပြစ်တင်အော်ငေါက်ခြင်းထက် ကောင်းမွန်တဲ့စကားလုံးတွေနဲ့ သူနားလည်အောင်ပြောပြရှင်းပြပေးလိုက်ပါ။