Fashion ဆိုတာ လူတိုင်းအတွက် ဖြစ်တည်နေတာပါ။ မိန်းကလေးတွေပဲ Fashion ကျကျ ဝတ်ဆင်ရမယ်လို့ ဘယ်သူကမှ မသတ်မှတ်ထားပါဘူး။ ယောက်ျားလေးတွေလည်း Fashion ကျကျ ဝတ်ဆင်လို့ရပါတယ်။ ဒါပေမယ့် ဒီလိုပူပြင်းနေတဲ့ အခုလိုရာသီဥတုမျိုးမှာ ဘယ်လို Fashion ကျကျ ဝတ်ဆင်ရမလဲဆိုတာ စဉ်းစားစရာဖြစ်နေမှာပါ။ Fashion ဆိုတာ ဥတုမရွေး အရွယ်သုံးပါးမရွေးအတွက် ဖြစ်တည်နေတာမို့ အရမ်းခေါင်းစားစရာမလိုပါဘူးနော်။
Printed Shirts

Source: www.pinterest.com
ဒီလို ရာသီမျိုးမှာ Printed Shirts လေးတွေ ဝတ်ဆင်လို့အကောင်းဆုံးပါပဲ။ သူတို့ဟာ ချည်သားကို အသုံးပြုပြီး ထုတ်လုပ်ရောင်းချနေတာလည်း ဖြစ်တဲ့အတွက် ချွေးလည်းစုပ်တယ်။ တစ်နေကုန် ပူအိုက်နေမှာလည်း မပူရတော့ဘူး။ ဒီဇိုင်းတွေအားလုံးကလည်း Tropical Vibe ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်သာမက ကိုယ့်ကို မြင်တဲ့သူတွေကလည်း Fresh ဖြစ်စေမှာဖြစ်ပါတယ်။
Bold Strip Shirt

Source: www.pinterest.com
ရုံးကိစ္စအလုပ်ကိစ္စရှိတဲ့အခါမှာလည်း Stripe Shirt လေးတွေ ဝတ်ဆင်သင့်ပါတယ်။ အမြဲတမ်းလိုလို ချည်သား ပိုးသားတွေနဲ့ပဲ ထုတ်လုပ်ရောင်းချတဲ့အတွက် ရာသီဥတုနဲ့လည်းကိုက်ညီတယ်လေ။ ခန့်ညားပြီး စမတ်ကျစေတယ်။ အရှိအတိုင်းထက်ပိုပြီး ခန့်သွားစေတာဆိုတော့ မဖြစ်မနေ တစ်ခေါက်လောက်တော့ ဝတ်ဆင်သင့်တယ်နော်။
Three Quarter Trousers

Source: www.pinterest.com
ရာသီဥတုပူတော့ Three Quarter Trousers တွေ ဝတ်ပြီး ရှိုးထုတ်ကြမယ်လေ။ သူ့ကို ဝတ်ဆင်တဲ့အခါမှာ Shirt နဲ့ပဲဖြစ်ဖြစ်၊ T-Shirt နဲ့ပဲဖြစ်ဖြစ် တွဲဖက်ပြီး ဝတ်ဆင်နိုင်ပါတယ်။ အရှည်ကြီးလည်းမဟုတ်တော့ ခြေထောက်ပူတာတို့၊ ခြေသလုံးချွေးထွက်တာတို့မရှိတော့ဘူးလေ။
Pastel Sneaker

Source: www.pinterest.com
ပူအိုက်တဲ့ရာသီမှာ အင်္ကျီတစ်ခုတည်းပဲစဉ်းစားနေလို့မဖြစ်ဘူးလေ။ ဖိနပ်အတွက်လည်း စဉ်းစားဖို့လိုအပ်သေးတယ်လေနော်။ အရမ်းပူလွန်းတဲ့ရာသီဖြစ်နေတဲ့အတွက် ရောင်လွင်လွင်လေးတွေဖြစ်တဲ့ Pastel Color နဲ့ထုတ်ထားတဲ့ Sneaker လေးတွေဝတ်ဆင်သင့်ပါတယ်။ ရုံးပဲဖြစ်ဖြစ်၊ အပြင်ပဲဖြစ်ဖြစ် ဘယ်နေရာသွားသွားစီးလို့အဆင်ပြေတယ်လေ။ Pastel Color နဲ့လည်းဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက်လေး လန်းလို့ရတယ်လေ။
Round Sunglasses

Source: www.pinterest.com
နေရောင်ခြည်ရဲ့ အပူရှိန်နဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ဖို့ Sunglasses က မရှိမဖြစ် ကိုယ်နဲအ မကွာဆောင်ထားရမှာဖြစ်ပါတယ်။ မျက်စိက အရာအာဒလုံးထက်အရေးကြီးပါတယ်။ နေပူပြင်းတဲ့အခါ အဲဒီအပူရှိန်ကိုကြည့်ပြီး ခေါင်းကိုက်တာ၊ ခေါင်းမူးတာတို့ဖြစ်စေပါတယ်။ ဒါ့အပြင် Fashion ကျကျ အထာကျကျ Guide ဖမ်းမယ်ဆိုရင်တော့ Round Sunglasses ကိုရွေးဖို့ Recommend ပေးချင်ပါတယ်။
Colorful Bracelets

Source: www.pinterest.com
ဒါကတော့ Fancy Accessories သက်သက်တစ်ခုပါ။ ဒါပေမယ့်လည်း Accessory တစ်ခုက ကိုယ့်ရဲ့ Feeling ကို တက်ကြွအောင်၊ ပိုပြီး လန်းဆန်းအောင်၊ လူငယ်ဆန်အောင် တစ်ထောင့်တစ်နေရာကနေ အထောက်အပံ့ပေးပါတယ်။ အများကြီး ဝတ်ဆင်တာမျိုးမဟုတ်ရင်တောင် လက်ကောက် တစ်ခုဝတ်တာလောက်ပဲဖြစ်ဖြစ် ဝတ်ဆင်ကြည့်ပါနော်။