လူတိုင်းမှာ ပျော်ရွှင်ဖွယ်မိသားစုလေး ရှိသင့်ပါတယ်။ ပြင်ပလောကမှာ ဘယ်လောက်ပဲအောင်မြင်နေပါစေ နွေးထွေးတဲ့မိသားစုမရှိရင် ဘဝဟာငြီးငွေ့ခြောက်သွေ့နေမှာပါပဲ။

မိသားစုအတွက်အချိန်တွေဖယ်ထားပါ

Source: la-croix.com

အလုပ်တွေဘယ်လိုပဲများနေပါစေ မိသားစုအတွက်တော့ အချိန်ရှိသင့်ပါတယ်။ များပြားလှတဲ့အလုပ်အချိန်ဇယားတွေထဲမှာ မိသားစုအတွက်အချိန်တစ်ခုကို သီးသန့်ဖယ်ထားလိုက်ပါ။

နွေးထွေးတဲ့ထမင်းဝိုင်းလေး

Source: Parents Zoo – Everyday Parenting

တစ်နေ့တာထမင်းစားချိန်တွေမှာ နံနက်ခင်းစာ(သို့)ညစာကိုတော့ မိသားစုနဲ့လက်ဆုံစားသင့်ပါတယ်။ ကိုယ့်ဇနီးရဲ့ချက်ပြုတ်ထားတဲ့လက်ရာတွေကို ချီးမွမ်းရင်း သားသမီးတွေနဲ့တပျော်တပါးကြီးပေါ့။

ခရီးတွေထွက်ပါ

Source: trudnoca.hr

အားလပ်ရက်တွေမှာ အလုပ်ထဲမှာပဲအချိန်ကုန်မနေဘဲ မိသားစုအတူတကွ အပန်းဖြေခရီးတွေထွက်သင့်ပါတယ်။ မိသားစုနဲ့အမှတ်တရတွေဖန်တီးရင်း တစ်ဦးနဲ့တစ်ဦးချစ်ခင်ရင်းနှီးမှုတွေ တိုးပွားအောင်လုပ်ဆောင်သင့်ပါတယ်။

မိသားစုအရေးကို ဦးစားပေးပါ

Source: Shutterstock

အလုပ်တွေပိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ မိသားစုအရေးကို လျစ်လျှူရှုမထားသင့်ပါဘူး။ လုပ်ငန်းခွင်မှာသင်မရှိလျင်မဖြစ်သလို မိသားစုမှာလည်း သင်ရှိနေဖို့လိုပါတယ်။ အိမ်မှုကိစ္စတွေနဲ့ လုံးပမ်းနေရတဲ့ဇနီးသည်ကိုအားပေးရင်း နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်လိုက်ပါ။