လူငယ်ပိုင်းဖြစ်စေ၊ လူလတ်ပိုင်းဖြစ်စေ မိတ်ဆွေ၊သူငယ်ချင်းများနဲ့ ပျော်စရာများကို စိတ်လှုပ်ရှားဖွယ် မျှဝေနိုင်ပါတယ်။ အားလပ်တဲ့ ညချမ်းအချိန်အခါတွေမှာ Home Party လေးတစ်ခုကို ကျင်းပပြီး သူငယ်ချင်း တွေနဲ့ ပျော်စရာ အမှတ်တရတွေကို ပုံဖော်ကြည့်ကြရအောင်။

Home Party တစ်ခု ကျင်းပဖို့ ဘာတွေလိုအပ်မလဲ

Source : eater.com

ပြီးပြည့်စုံတဲ့ Home Party လေးတစ်ခု ကျင်းပနိုင်ဖို့ အတွက် သိပ်တော့မလွယ်လှပါဘူး။ နာရီပိုင်း ပျော်ရွှင်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းဆောင်တာတွေက များလှပါတယ်။ အခြေခံကျတဲ့လိုအပ်ချက်လေးတွေကို ဒေါင့်စေ့အောင် ပြင်ဆင် နိုင်ခဲ့လျင် သူငယ်ချင်းတွေ အံ့အားသင့် အထင်ကြီးနိုင် လောက်တဲ့ Home Party တစ်ခု ဖြစ်လာနိုင်ပါတယ်။

နေရာရွေးချယ်ပြင်ဆင်ခြင်း

 

Source: The Boston Globe

ပါတီပွဲကို အခန်းတွင်းမှာ ကျင်းပမည်လား၊ အိမ်ရှေ့ခြံဝင်းထဲမှာကျင်းပမည်လား ဆိုတာ အရင်ဆုံး စဉ်းစား ရွေးချယ်ရမှာ ဖြစ်ပါတယ်။ သင့်တော်တဲ့ နေရာတစ်ခု ရွေးချယ်ပြီးသွားတဲ့အခါ အဆိုပါနေရာနဲ့ လိုက် ဖက်တဲ့ ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အသုံးအဆောင်ပစ္စည်းများ

Source: angels4peace.com

ပါတီပွဲမှာ အသုံးပြုမည့် ပန်းကန်၊ခွက်နဲ့ ဇွန်း၊ခက်ရင်းက အစ လှပသန့်ရှင်းနေဖို့ကို ဂရုစိုက်ဖို့ လိုအပ် ပါတယ်။ လှပတဲ့ စားပွဲခင်းတွေ၊ အရောင်အသွေးစုံတဲ့ ပန်းကန်လေးတွေ၊ ဒီဇိုင်းဆန်းတဲ့ ဖန်ခွက်တွေ၊ ပုလင်း တွေစတဲ့ အမိုက်စား အသုံးအဆောင်တွေ ရှိနေရမှာ ဖြစ်ပါတယ်။

အရသာရှိတဲ့ အစားအသောက်တွေ

Source: The Boston Globe

ပြည့်စုံတဲ့ ပါတီပွဲတစ်ခုဖြစ်ဖို့ အတွက် အရသာရှိတဲ့ အစားအသောက်တွေ၊ အဖျော်ယမကာတွေ လိုအပ်ပါတယ်။ ဘူဖေးလို ညစာမျိုး ပြင်ဆင်ထားပြီး ကော့တေး၊၀ိုင်၊ဘီယာ စတဲ့ သူငယ်ချင်းတွေ အကြိုက် တွေ့စေမယ့် အဖျော်ယမကာတွေကို ကြိုတင်ပြင်ဆင်ထားလိုက်ပါ။

ပျော်ရွှင်ဖွယ်ရာ ဂိမ်းတွေ

Source: State Farm

ပျော်ရွှင်ဖွယ်ကောင်းတဲ့ Home Party တစ်ခုဖြစ်စေဖို့အတွက် အခြေခံလိုအပ်ချက်တွေထဲမှာ ဂိမ်း ကစားနည်းတွေလည်း ပါဝင်ပါတယ်။ ပါတီပွဲတက်လာတဲ့ သူငယ်ချင်းတွေကြားမှာ ပိုမိုရင်းနှီးမှုတွေ တိုးပွား လာဖို့အတွက်လည်း ဂိမ်းကစားနည်းတွေဟာ မရှိမဖြစ် လိုအပ်လာပါတယ်။

လိုက်ဖက်တဲ့တေးဂီတ

Source: www.djangied.com

Home Party နဲ့လိုက်ဖက်တဲ့ တေးဂီတကို မမေ့မလျော့ ရွေးချယ်ဖို့လည်း လိုအပ်ပါသေးတယ်။ မြူး ကြွတဲ့ တေးဂီတ ၊ညိမ့်ညောင်းတဲ့ တေးဂီတ အစရှိသဖြင့် အလှည့်ကျ အမိုက်စားဂီတ လေးတွေက ပါတီပွဲ လေးကို အရှိန်အမြင့်ဆုံးကို ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။