ပုရိသတို့အကြိုက် ပျော်စရာ Home Party လေးဆိုတော့ ဘယ်လိုပါတီမျိုးလဲလို့ စိတ်ဝင်စားမိကြမှာ အမှန်ပါပဲ။ ကွီးတို့အကြိုက်ကတော့ အားလုံးသိကြတဲ့အတိုင်း အဖျော်ယမကာတွေပဲပေါ့။ အပေါင်းအသင်း၊ သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါး ပါတီလေးတစ်ခုကို ကျင်းပဆင်နွှဲကြတော့မယ့် ပုရိသတွေအတွက် အဖျော်ယမကာတွေကို ဘယ်လိုစတိုင်နဲ့ပြင်ဆင်ထားရှိကြမလဲ ဆိုတဲ့ အိုင်ဒီယာ အလန်းစားလေးကို ဖေါ်ပြပေးလိုက်ပါတယ်။

ဘီးတပ်တွန်းလှည်းကို ဖျော်ရည်အအေးခံစက်အဖြစ် အသုံးပြုပါ။

Source: Balloon Ice Packs

အဖျော်ယမကာ ပုလင်းများကို အမှိုက်ကျုံးတဲ့လှည်းထဲ ထည့်ထားတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ခြံဝန်းထဲမှာ ကျင်းပတဲ့ Home Party လေးနဲ့ဆို ပိုပြီးလိုက်ဖက်ပါတယ်။ အမှိုက်လှည်းစတိုင် ယမကာပုလင်းတွေတင်တဲ့ ခပ်မိုက်မိုက်လှည်းပေါ့။

Balloon Ice Packs

Source : Today Show

ရောင်စုံ ဇလားကြီးတွေထဲမှာ ယမကာပုလင်းတွေ အေးခဲနေစေဖို့အတွက် ရေပူဖောင်းတွေရဲ့ အကူအညီကို ယူထားတဲ့ စတိုင်ဖြစ်ပါတယ်။ ရေခဲရေပူဖေါင်းတွေနဲ့ အတူ ယမကာပုလင်းမျိုးစုံကို ကာလာစုံဇလားတွေထဲ ထည့်ထားတာ ဖြစ်ပါတယ်။

ကနူးလှေငယ်လေးနဲ့ အလှဆင် အအေးခံပါ။

Source   : Wedding Wire

ဒီတခါ ဖေါ်ပြပေးချင်တာကလည်း အမိုက်စား စတိုင်တစ်ခုပဲ ဖြစ်ပါတယ်။ ကနူးလှေရဲ့ ဝမ်းဗိုက်ထဲမှာ အဖျော်ယမကာ မျိုးစုံကို အလန်းစားအရသာဖြစ်စေအောင် ရေခဲတွေနဲ့ အေးခဲပေးထားတာဖြစ်ပါတယ်။

Wheels Cooler

Source : odditymall.com

ဘီးတပ်လှည်းပေါ်မှာ အမှတ်တံဆိပ်မျိုးစုံ၊ ပုံစံဒီဇိုင်းမျိုးစုံရှိသော အဖျော်ယမကာ ပုလင်းများ တင်ဆောင်ကာ ပွဲတက်သူများကို တည်ခင်းဧည့်ခံပေးတဲ့စတိုင် ဖြစ်ပါတယ်။ ခပ်မိုက်မိုက် ဘီးတပ်လှည်းလေးတွေကို အပျံစား Home Party အတွက် ကြိုတင်ပြင်ဆင်ထားလိုက်ပါ။