မန်ယူအသင်းရဲ့ ယခုလက်ရှိလူစာရင်းမှာ နေရာရလာတဲ့ကစားသမားကိုပြောပါဆိုရင်တော့ လင်းဂတ်ကိုပဲပြရမှာပါ။ ဘောလုံးပါရမီသိပ်မကောင်းလှပေမဲ့ ကြိုးစားမှုတွေကြောင့်သူဟာ မော်ရင်ညိုယုံကြည်ရတဲ့ ငယ်မွှေးခြံပေါက်ကစားသမားတစ်ယောက်ဖြစ်လာပါတယ်။ ဒီနေ့မှာတော့ လင်းဂတ်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

Source: wallpapercave.com

သူဟာယူနိုက်တက်ရဲ့အသင်းကြီးကိုတော့(၂၀၁၁)  ခုနှစ်မှာ အခြေချခွင့်ရခဲ့ပြီး လက်စတာ၊ ဘာမင်ဟန်၊ ဘရိုက်တန်၊ ဒါဘီအစရှိတဲ့ အသင်းတွေကို ကာလရှည်အငှားထွက်ကစားခဲ့ရပါတယ်။ သူဟာ မန်ယူအသင်းရဲ့အကယ်ဒမီမှပေါ်ထွက်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး (၂၀၀၈) ခုနှစ်မှာ အင်္ဂလန်လူငယ်အသင်းအတွင် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Source: wallpapercave.com

အင်္ဂလန်အသင်းကြီးအတွက်ကိုတော့ (၂၀၁၅)  ခုနှစ်မှာ စတင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ သူဟာ ၀ါရင်တန်မြို့၊ အင်္ဂလန်မှာ မွေးဖွားခဲ့တာဖြစ်ပြီး Jena Frumes ဆိုတဲ့ ချစ်သူတစ်ဦးလည်းရှိပါတယ်။ သူတို့နှစ်ဦးဟာ (၂၀၁၇) မှာ တွေ့ရှိခဲ့ကြပြီး ယနေ့အချိန်ထိတွဲနေတာလည်းဖြစ်ပါတယ်။ သူဟာ အင်္ဂလန်အသင်းကြီးကိုတော့ ကာရစ်နဲ့ ဗာဒီတို့ ဒဏ်ရာရနေတဲ့အချိန်က အစားထို ၀င်ရောက်ခဲ့ရတာဖြစ်ပါတယ်။

Source: wallpapercave.com

သူရဲ့မွေးနေ့ကတော့ (၁၉၉၂) ၊ ဒီဇင်ဘာ (၂၅) ရက်ဖြစ်ပြီး အသက် (၂၅) နှစ်ရှိနေပြီလည်းဖြစ်ပါတယ်။ ကွင်းထဲမှာ အားကြိုးမာန်တတ်ပြေးလွားနေတတ်ပြီး တစ်ခါတစ်ရံမှာ အံသြဖွယ်ဂိုးတွေပါ သွင်းယူပေးတတ်တဲ့ လင်းဂတ်ရဲ့ အနာဂတ်က တောက်ပလာနိုင်မလားဆိုတာ စောင့်ကြည့်ရအောင်ဗျာ…