ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ လာမယ့်တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ရီးရဲလ်ဘက်တစ်နဲ့ပွဲစဉ်မတိုင်မီမှာ အချိန်မီပါဝင်လာနိုင်ဖွယ်ရှိနေတဲ့ နောက်ဆုံးဒဏ်ရာအခြေအနေကို အသိပေးခဲ့ပါတယ်။အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့် မက်ဆီဟာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အက်သလက်တစ်ဘီလ်ဘာအိုနဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိဘဲ ယခုအပတ်မှာ တစ်ဦးတည်း လေ့ကျင့်ရေးဆင်းနေခဲ့သူဖြစ်ပါတယ်။

Source: shropshirestar

ဒါပေမယ့်လည်း မက်ဆီက ၎င်းရဲ့အင်စတာဂရမ်အကောင့်ကနေ လေ့ကျင့်ရေးအပြည့်အဝပြန်ဆင်းနိုင်ဖို့ သိပ်မဝေးတော့ကြောင်းကို ဓာတ်ပုံတွေတင်ပြီး ပရိသတ်တွေကို သတင်းကောင်းပါးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗုဒ္ဓဟူးနေ့(ယနေ့)မှာ လေ့ကျင့်ရေးအစီအစဉ် နှစ်ဆပြုလုပ်ပြီးနောက် ကြာသပတေးနေ့ကို နားရက်ပြန်ပေးတယ်လို့ သိရပါတယ်။

Source : Evening Standard

လာမယ့်တနင်္ဂနွေနေ့ နူးကမ့်မှာ ရီးရဲလ်ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ သောကြာနေ့နဲ့ စနေနေ့တွေမှာ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်သွားမှာဖြစ်ပြီး မက်ဆီအနေနဲ့ ယင်းပွဲစဉ်ရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် ကြံ့ခိုင်မှုအလုံအလောက်ပြန်လည်ရရှိနေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Source: Metro

ဘာစီလိုနာအသင်းဟာ အက်သလက်တစ်ဘီလ်ဘာအိုနဲ့ပွဲစဉ်မှာ အသင်းအတွက် အဓိကအားထားရတဲ့ ဝါရင့်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ် ဒဏ်ရာထပ်မံရရှိခဲ့တာကြောင့် တိုက်စစ်မှာ သိသိသာသာအားနည်းသွားခဲ့ပြီဖြစ်ပြီး မက်ဆီသာ ပြန်လည်ပါဝင်ကစားနိုင်မယ်ဆိုရင် နည်းပြဗယ်ဗာဒီ ခံစားနေရတဲ့ ဖိအားတွေ အတန်အသင့်လျော့ပါးသွားမှာဖြစ်ပါတယ်။