တချို့အစားအသောက်တွေက မတည့်တာကြောင့် တွဲဖက်စားသောက်တဲ့ အခါ ဒုက္ခများတတ်ပါတယ်။ ဒီလို တွဲဖက်မစားသုံးသင့်တဲ့ အစားအစာတွေကို ငယ်ငယ်လေးကတည်းက အိမ်မှာ ကျောင်းမှာ သင်ကြားခဲ့ရသလို စာရွက်ကလေးတွေနဲ့လည်း ကပ်ထားတတ်ကြပါသေးတယ်။ ခုပြောပြချင်တာကတော့ လူတွေ သိပ်မသိကြသေးတဲ့ တွဲဖက်မစားသုံးသင့်တဲ့ အတွဲအစပ်တွေအကြောင်းကို ပြောပြပေးချင်တာပါ။
ရှောင်ရမယ့် အတွဲအစပ်တွေကတော့
Source: healthline.com
ပထမဆုံးတော့ ပဲအကြောင်းပြောချင်ပါတယ်။ ပဲမှာဆိုအမျိုးမျိုးရှိပါတယ်။ ဒီပဲတွေဟာ ဘယ်လိုအရာတွေနဲ့ တွဲဖက်မစားသုံးသင့်ဘူးလဲဆိုတာ ပြောပြပေးချင်တာပါ။ ပဲကို ချိစ် ၊ ကြက်ဥ ၊ ငါး ၊ အသား ၊ နို့ ဒါမှမဟုတ် ဒိန်ချဉ်တို့နဲ့ စားခြင်း ကို လုံးဝ လုံးဝ ရှောင်ပါ။
အစေ့အဆန်နဲ့ တွဲမစားသင့်တာက
Source: dailytimes.com.pk
မြန်မာနိုင်ငံမှာက အစေ့အဆန်တွေ အတော်ပေါတယ်လို့တောင် ပြောရမှာပါ။ အလွယ်တကူ ဝယ်ယူလို့ရနိုင်ပြီး ယောက်ျားတွေအတွက် အကျိုးဖြစ်စေတဲ့ အစေ့အဆန်တွေနဲ့ တွဲဖက်မစားသင့်တာကတော့ သစ်သီးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ သစ်သီးစားထားချိန်ဆိုလည်း အစေ့အဆန်တွေကို မစားမိအောင် သတိထားပြီး ရှောင်ကြဉ်ပါ။
သခွားမျိုးဝင်သစ်သီးတွေ
Source: livelovefruit.com
ဖရဲသီးလို သစ်သီးတွေ ၊ သခွားမျိုးရင်းဝင်သစ်သီးတွေနဲ့ မစားသုံးသင့်တဲ့ အစားအစာတွေကတော့ ချက်ပြုတ်ထားတဲ့ အစားအစာတွေပါပဲ။ ဒီတော့ ထမင်းစားပြီးခါစ အချိုတည်းမယ်ဆိုပြီးတော့ ဒီလိုသစ်သီး အမျိုးအစားတွေ သွားမစားမိပါစေနဲ့နော်။
ဒိန်ချဉ်နဲ့ တွဲဖက်မစားသင့်တာက
Source: eatthismuch.com
ဒိန်ချဉ်နဲ့ တွဲဖက်မစားသုံးသင့်တဲ့ အစားအစာတွေကိုလည်း ထပ်ပြီး ပြောပြပေးချင်ပါသေးတယ်။ ဒိန်ချဉ်နဲ့ မတည့်တဲ့ အစားအစာတွေကတော့ ချိစ် ၊ ကြက်ဥ ၊ ငါး ၊ အသား ၊ နဲ့ နို့ တို့ပဲဖြစ်ပါတယ်။
အစာအဆိပ်သင့်ရင် (အဆိပ်အတောက်ဖြစ်စေတဲ့အစာတွေစားမိရင်) ဘာလုပ်ရမလဲ
Source: amlaoel.de
ဆီးဖြူသီးစားတာက အူလမ်းကြောင်းတလျှောက် သန့်စင်စေပြီး ခန္ဓာကိုယ် လှုပ်ရှားမှု ၊ ဇီဝရုပ်ဖြစ်ပျက်ခြင်း ၊ အရိုး နဲ့ တစ်ရှူး လုပ်ငန်းစဉ်တွေကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးဖြူသီးအမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း ဒါမှမဟုတ် ၃ ဇွန်းကို ရေနွေး ၂၀၅ မီလီလီတာ နဲ့ ရောပြီး မနက်စောစော ဒါမှမဟုတ် ညအိပ်ယာမဝင်ခင် ဒါမှမဟုတ် စားပြီး တစ်နာရီအကြာမှာ သောက်သုံးပေးမယ်ဆိုရင် စိတ်ကို ပေါ့ပါးလန်းဆန်းစေပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ကင်းစင်စေပါတယ်။