လူတိုင်းနီးပါးဟာ တေးဂီတနဲ့ ရင်းနှီးပြီးသားပါ… နားထောင်တာသက်သက်ပဲဖြစ်ဖြစ် ကိုယ်တိုင်ဆိုရတာကိုကြိုက်လို့ပဲဖြစ်ဖြစ် တူရိယာတွေကိုတီးခေတ်ရတာကို သဘောကျလို့ပဲဖြစ်ဖြစ် တနည်းနည်းနဲ့တော့ တေးဂီတက လူတွေကို လွှမ်းမိုးထားပါတယ်။

Source: allwomenstalk.com
လူတိုင်းကတော့ ဂီတကို မရှုးသွပ်ပေမယ့် မရှိမဖြစ်တော့လိုအပ်တယ်ဆိုတဲ့ အဆိုကိုလက်ခံထားကြပါတယ်။

Source: allwomenstalk.com
သီချင်းတွေဟာ သူ့အမျိုးအစားပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ပြောင်းနိုင်စွမ်းရှိပါတယ်။ စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းတွေရှိသလို ခံစားချက်ကိုပေါက်ကွဲစေနိုင်တဲ့ ခပ်ကြမ်းကြမ်း သီချင်းတွေလည်းရှိပါတယ်။ စိတ်အခြေအနေကို ပြောင်းလဲပေးနိုင်ရုံမျှသာမက ဦးနှောက်ဟာလည်း သံစဉ်တွေရဲ့လှုံ့ဆော်မှုကြောင့် Creativity ကို ပိုမိုကောင်းမွန်စေပါတယ်။
သင်အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် သီချင်းဖွင့်ထားပြီး လုပ်ရင်မြန်မြန်ဆန်ဆန်ပြီးစေပါတယ်။ ဥပမာ အားဖြင့် Gym ဆော့တယ်ဆိုရင်လည်း Motivation ဖြစ်တဲ့ Playlist လေးနဲ့ဆော့ရင် ပိုမြန်မြန်ပြီးမြောက်တာကို ဆိုလိုတာပါ။

Source: allwomenstalk.com
International ကျောင်းတော်တော်များများမှာဆိုရင် တေးဂီတကို ဘာသာရပ် တစ်ခုအနေနဲ့တောင် ထည့်သွင်းပြီးသင်ကြားတာဖြစ်ပါတယ်။ အခုအချိန်ဟာ ၁၀တန်းစာမေးပွဲလည်းဖြေနေကြတာဆိုတော့ စာလည်းကျက် ဥာဏ်လည်းထက်အောင် ဦးနှောက်ကို အနားပေးတဲ့ အနေနဲ့ ခဏနားပြီး သီချင်းလေးနားထောင်ပေးမယ်ဆိုရင်တော့ နောက်ထပ် ထည့်သွင်းမယ့်စာတွေအတွက်လည်း အထောက်အကူဖြစ်စေမှာပါ။ သီချင်းနားထောင်ခြင်းမှ ရရှိနိုင်မယ့် ကောင်းကျိုးအနည်းငယ်ကို ဝေမျှပေးလိုက်ပါတယ်။

Source: allwomenstalk.com
၁။ မှတ်ဥာဏ်အားပိုကောင်းစေနိုင်ခြင်း
၂။ လုပ်နေဆဲ အရာအပေါ်အာရုံစူးစိုက်မှုပိုတိုးလာစေနိုင်ခြင်း။
၃။ ပျင်းရိခြင်းမရှိဘဲ စိတ်ခံစားမှုပိုမိုကောင်းမွန်လာစေနိုင်ခြင်း။
၎။ စဉ်းစားတွေးတော နိုင်မှုမြှင့်စေခြင်း။
၅။ စာမေးပွဲကို ကြောက်စိတ်ကင်းပြီး မိမိအပေါ်ယုံကြည်မှုရှိစေလာနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

Source: allwomenstalk.com
အဲ့ဒီ့အချက်တွေကြောင့် စာကျက်တာလည်းကျက်ပေါ့နော်။ ကိုယ့်ကြိုးစားမှု့ကိုအထောက်အပံ့ဖြစ်စေမယ့် သီချင်းတွေကိုလည်း ရံဖန်ရံခါလေးနားထောင်းပေးစေချင်ပါတယ်။ အလွန်အကျွံ့တော့မဖြစ်စေနဲ့ပေါ့။ ဘယ်အရာဆိုဆို အလွန်အကျွံကတော့ မကောင်းဘူးရယ်။