အန္တာရာယ်တွေနဲ့ ကြုံလာတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ သိထားရင် အနာတရဖြစ်တာ တခါတလေ အသက်ဘေးကနေတောင် လွတ်မြောက်နိူင်ပါတယ်။

ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တွေကို သိထားခြင်းက တခါတလေ လူတယောက်ရဲ့ အသက်ကိုကယ်နိူင်တဲ့အထိ အသုံးဝင်ပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ ဘယ်လိုအန္တာရာယ် နဲ့ကြုံ လာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတဲ့နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

ဝက်ဝံနဲ့ ထိပ်တိုက်တွေ့ခဲ့ရင် ဘယ်လိုရင်ဆိုင်မလဲ

တကယ်လို တောထဲတောင်ထဲ သွားရတယ်ဆိုရင် ဘယ်သူမှ ဝက်ဝံနဲ့ ထိပ်တိုက်တွေ့ချင်မှာမဟုတ်ပါဘူး။ သူတို့က ရက်စက်ကြမ်းကြုက်ပြီး လူအသက်ကိုသေစေနိူင်တဲ့အထိ အန္တာရာယ်ပြုတတ်ကြတယ်။

ဒါဆိုရင် ဝက်ဝံတကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ရင် ဘယ်လိုရင်ဆိုင်ကြမလဲ။ သူတို့ရဲ့ အားနည်းချက်ကိုသိရင် ဝက်ဝံတွေကို ကြောက်စရာမလိုပါဘူး။

တကယ်လို့ ဝက်ဝံနဲ့ တွေ့ခဲ့ရင် သစ်ပင်အကြီးကြီး ဒါမှမဟုတ် ကျောက်တုံးကြီး တစ်တုံးကို ပက်ပြေးနေလိုက်ပါ။ ဝက်ဝံတွေက အပြေးမြန်ပေမဲ့ အရာဝတ္ထုတွေကို ပက်ပြီး ပြေးတာဟာ သူတို့အတွက် အရမ်းခတ်ခဲစေပါတယ်။ မကြာခင် သူမောပန်းလာပြီး လက်လျှော့သွားပါလိမ့်မယ်။

ရေဝဲ

ကမ်းခြေဒါမှမဟုတ် မြစ်ထဲရေးကူးနေတဲ့ အချိန်မှာ ရေဝဲ ရဲ့စုတ်ယူခြင်းကိုခံနေရပြီလား။ ဒီလိုအချိန်မှာ ကမ်းခြေဖက်ကို ဦးတည်ပြီး ကူးခက်တာတွေမလုပ်ပါနဲ့။ အားအင်တွေအလကားဖြုန်းတီးရာရောက်ပါတယ်။

ကမ်းခြေနဲ့ ပြိုင်မျဉ်းအတိုင်း ရေဝဲ ထဲကနေထွက်နိူင်တဲ့အထိ ကူးခက်ဖို့ ကြိုးစားပါ။ ရေဝဲထဲကနေ ထွက်နိူင်ပြီဆိုမှ ကမ်းခြေဖက်ကို ဦးတည်ကူးခက်ပါ။

နှလုံးရောဂါနဲ့အကိုက်အခဲပျောက်ဆေး

Source: Healthline

တကယ်လို့ ကိုယ့်အိမ်က လူတယောက်ယောက် ရုတ်တရက် နှလုံးရောဂါ ထဖောက်ခဲ့ရင် သူ့ကို ခေါင်းအောက်မှာ တခုခုခံပြီး လဲလျောင် ခိုင်းထားပါ။ ဒါမှမဟုတ် ထိုင်ခိုင်းလိုက်ပါ။ ပြီးတာနဲ့ အကိုက်အခဲပျောက်ဆေး တိုက်လိုက်ပါ။ တဖြည်းဖြည်းနဲ့ ဆေးကိုဝါးစားလာနိူင်ပါလိမ့်မယ်။ အကိုက်အခဲပျောက်ဆေးက ရောဂါသည်ကို သက်သာစေပါတယ်။

အပူရှပ်ခြင်း

Source: Medical News Today

အပူရှပ်ခြင်းရဲ့ လက္ခဏာတွေက မအီမသာဖြစ်ခြင်းနဲ့ ပျို့အန်ချင်လာ ခြင်းတို့ဖြစ်ပါတယ်။ ဒါကိုသေချာချင်ရင် အချိုအရသာရှိတဲ့ အရာတခု ဥပမာ ချိုချည် စတာတွေကို စားပေးပါ။ အရသာက မချိုပဲနဲ့ ဆိုးရွားနေမယ်ဆိုရင် ဒါက အပူရှပ်တာသေချာသွားပါပြီ။

နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူတွေအတွက် အပူရှပ်ခြင်းကို စောနိူင်သမျှစောအောင် သိထားဖို့က အလွန်အရေးကြီးပါတယ်။

ကားမှန်ကို ဘယ်လိုခွဲမလဲ

တကယ်လို့ ကားမတောတဆ ဖြစ်ခဲ့ရင် တံခါးဖွင့်မရတဲ့ အခြေအနေနဲ့ ကြုံလာနိူင်ပါတယ်။ ဒါဆိုရင်တော့ ကားမှန်ကို ခွဲဖို့လိုလာပါပြီ။ ကားမှန်ခွဲတဲ့အချိန်မှာ လူးအများစုက မှန်ရဲ့အလယ်နေရာကို တခုခုနဲ့ ရိုက်ကြတာများပါတယ်။

မှန်ရဲ့အလယ်ကိုခွဲတာထက် မှန်ရဲ့အစွန်နေရာကို ရိုက်ခွဲတာက ပိုလွယ်ပါတယ်။ ပြီးတော့ ကားထိုင်ခုံရဲ့ ခေါင်းမှီကို ဖြုတ်ပြီးတော့ မှန်ကို ရိုက်ခွဲနိူင်ပါတယ်။ ဒါကြောင့် ခေါင်းမှီကို ဘယ်လိုဖြုတ်ရမလဲဆိုတာ သင်ထားသင့်ပါတယ်။

ရေလှိုင်းတွေက ကမ်းခြေနဲ့အဝေးကြီးရောက်သွားတာ

ရေလှိုင်းတွေက ကမ်းခြေနဲ့အဝေးကြီးရောက်သွား ပြီဆိုရင် ဒါက ဆူနာမီ ဖြစ်မဲ့ လက္ခဏာပါ။ တကယ်လို့ ဒီလိုအခြေအနေ ကြုံခဲ့ပြီဆိုရင် ကမ်းခြေမှာ ရှိတဲ့ လူတွေကို သတိပေးသင့်ပါတယ်။

Source: Bright Side