ရှင်သန်နေထိုင်ရတဲ့ဘဝကြီးမှာ တချို့ကစိတ်ဆင်းရဲငြီးငွေ့စွာနဲ့ အချိန်တွေကိုကုန်ဆုံးစေပါတယ်။ တချို့ ကတော့ ပျော်ရွှင်စွာနဲ့အကျိုးကျိုးရှိရှိ ဘဝကိုဖြတ်သန်းနေထိုင်ကြပါတယ်။ ရှင်သန်နေထိုင်မှုခြင်းအတူတူ ပိုကောင်းတဲ့ဘဝတစ်ခုကို ပျော်ရွှင်စွာဖြတ်သန်းသွားနိုင်ဖို့ အရေးကြီးတယ်မဟုတ်လား။
နံနက်စောစောထတတ်တဲ့အကျင့်
Source: The Cheat Sheet
နေ့သစ်တစ်ခုကိုအစပြုတဲ့အချိန်ဟာ နံနက်မိုးလင်းတဲ့အချိန်ပဲဖြစ်ပါတယ်။ နံနက်ခင်းကပေးစွမ်းတဲ့ စိတ်ကြည်နူးမှုဟာ တစ်နေ့လုံးအတွက် ခွန်အားတွေဖြစ်စေနိုင်ပါတယ်။
အကူအညီပေးတတ်တဲ့အကျင့်
Source: pinterest.es
နေ့စဉ်ဖြတ်သန်လှုပ်ရှားနေတဲ့ ဘ၀အတွင်းမှာ အကူအညီလိုအပ်နေသူတွေ၊ ဒုက္ခကြုံတွေ့နေရသူတွေကို တတ်စွမ်းသလောက် ကူညီပေးတတ်ပါစေ။ လူ့ဘ၀တိုတိုလေးအတွင်းမှာ ကိုယ့်ကြောင့်တခြားသူတွေ စိတ်ချမ်းသာအဆင်ပြေသွားခြင်းဟာ အကောင်းဆုံးပီတိကိုခံစားရမှာဖြစ်ပါတယ်။
စိတ်ဖိစီးမှုတွေကိုဖြေဖျောက်တတ်တဲ့အကျင့်
Source: PTSD Journal
ရှင်သန်နေထိုင်ရတဲ့ဘ၀အတွင်းမှာ များစွာသောစိတ်ဖိစီးမှုများကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုစိတ်ညစ်စရာများ၊ စိတ်ဖိစီးမှုများကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးဖြေဖျောက်ပစ်နိုင်ဖို့က အရေးကြီးပါတယ်။ စိတ်ဖိစီးမှုတွေထဲမှာ မျောပါမသွားဘဲ ကိုယ့်ရဲ့စိတ်ထွက်ပေါက်ကို ကိုယ်တိုင်ရှာဖွေတတ်ဖို့ လိုအပ်ပါတယ်။
လုံလောက်တဲ့ဝင်ငွေရှာဖွေတတ်တဲ့အကျင့်
Source : BangkokFB.com
အဆင်ပြေချမ်းမြေ့တဲ့ဘဝတစ်ခုကို ဖြတ်သန်းနိုင်ဖို့အတွက် လုံလောက်တဲ့ဝင်ငွေရှိဖို့ လိုအပ်ပါတယ်။ ကိုယ်ဖြစ်တာ၊ လိုချင်တာတွေပြည့်စုံနိုင်ဖို့အတွက် မှန်ကန်တဲ့နည်းလမ်းနဲ့ပြည့်စုံတဲ့ ဝင်ငွေရရှိနေရမှာဖြစ်ပါတယ်။