လူငယ်ဘဝဆိုတာ ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်ဖို့ လိုပါတယ်။ ဘဝခရီး ဆိုတာကြမ်းတမ်းပါတယ် ဘယ်လိုပဲ ကြမ်းတမ်းပါစေ ချောချောမွေ့မွေ့ ပါးပါးနပ်နပ် ဖြတ်ကျော်တတ်ဖို့တော့ လိုအပ်ပါတယ်။ လူငယ်ဘဝရတုန်းလေး အကန့်သတ်မဲ့စွာ ပျော်ပါးတတ်ဖို့ကလည်း အဓိကကျပါတယ်။ တာဝန်အပြည့်ကို ပခုံပေါ်မတင်ရသေးခင် ဒီလိုအချိန်လေးမှာ လာမယ့် အခက်အခဲတွေကိုတွန်းလှန်နိုင်ဖို့ဆို ရဲဝံ့စွာနေထိုင်တတ်စေဖို့ ကျင့်ယူထားဖို့တော့လိုပါတယ်။ မာယာများတဲ့လောကြီးမှာ ကျွန်တော်တို့လူငယ်တွေဟာ ဘယ်လောက်အခက်အခဲပဲရင်ဆိုင်ရပါစေ Yong Wild and Free ဆိုတဲ့အတိုင်း ချော့မွေ့စွာ ရဲရဲရင့်ရင့်နဲ့ ဖြတ်သန်းတတ်ဖို့က အရေးကြီးလှပါတယ်။

လူငယ်သဘာဝအရ ဘော်ဒါတွေနဲ့ အထာအကျနေထိုင် သွားလာလှုပ်ရှား ဗရုတ်ကျလို့ အကောင်းဆုံးအချိန်လို့ ပြောရရင်လည်းမမှားပါဘူး ။ လွတ်လပ်စွာဖြတ်သန်းရင်း ဘော်ဒါတွေနဲ့ အချိန်ဖြုန်းလို့အကောင်းဆုံး အသက်အရွယ်ပါပဲ။ အသက်တဖြည်းဖြည်းကြီးလာလေလေ တာဝန်ယူရမှုတွေဟာ များလာလေလေဖြစ်ပါတယ်။ ရတဲ့အချိန်မှာ Limitless ပျော်ပါးရင်း လူငယ်ဘဝကို ကုန်ဆုံးတတ်ဖို့လိုပါတယ်။ လူဆိုတာ အရွယ်နဲ့လိုက်ပြီးပျော်ပါးရတာဖြစ်ပါတယ် အသက်ကြီးလာမှ အဆုံးအစမရှိသွားကဲနေလို့မရပါဘူး။ ကိုယ့်အသက်အရွယ်နဲ့ ကိုယ်စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့က လူတိုင်းရဲ့ဘဝမှာ လုပ်သင့်လုပ်ထိုက်တဲ့ အခွင့်အရေးတစ်ခုပါ။

ခက်ခဲကြမ်းတဲ့ဘဝခရီးကို လွတ်လပ်ချော့မွေ့စွာဖြတ်သန်းတဲ့တတ်လူငယ်တွေကို ဘယ်လိုဥပမာပေးချင်လည်းဆိုတော့
အပြင်းစား Rock သီချင်းတွေကို ကြိုက်တဲ့ သူတွေဟာ Whisky ဆိုရင်လည်း ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်သွားတဲ့ Smooth ကိုပဲ ရွေးချယ်ကြတယ်ကြတာမျိုးပေါ့။ ဒီလိုပဲ အဆိုးနဲ့အကောင်း၊ အဖြူနဲ့ အမဲ၊ ခက်ထန်မှုနဲ့ပြေပြစ်မှု ၊ ကြမ်းတမ်းမှုနဲ့ ချော့မွေ့မှုက ခွဲထားလို့မရသလို ဘဝကို အကန့်အသတ်မရှိ ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းတတ်တဲ့ လူငယ်တွေနဲ့ ချော့မွေ့တဲ့ Grand Royal Smooth ဆိုတာအလိုက်ဖက်ဆုံး ဆန့်ကျင်ဖက်ပါပဲ။ ဘော်ဒါတို့ ဘယ်လိုပဲ အခက်အခဲတွေကြုံတွေ့လာတဲ့ အခါ ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ဖို့အတွက်ကတော့ “Smooth” ဟာ မပါမဖြစ်ပေါ့။