လီဗာပူးအသင်းဆိုတာ ပရီးမီးယားလိဂ်မှာ အအောင်မြင်ဆုံးအသင်းတစ်သင်းလို့ပြောလို့ရပါတယ်။ ချန်ပီယံလိဂ်ဖလားကို (၅) ကြိမ်တိုင်တိုင်ရရှိထားပြီး ပရီးမီးယားလိဂ်ဖလားကိုလည်း အများအပြားရရှိဖူးတာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ ပုံစံကောင်းတွေပျော်ဆုံးနေတာတော့ နှစ်ကာလတွေကြာမြင့်ခဲ့ပါပြီ။ ဒီနှစ်မှာတော့ သမိုင်းထဲက ကြိုးကြာကို ပြန်မြင်တွေ့ခဲ့ရပါပြီ။ နည်းပြ  Jurgen Klopp ကအသင်းကို အကောင်းဆုံတည်ဆောက်နေတာဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် လီဗာပူးအသင်း ကြေးကြီးကြီးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

(၁) Virgil Van Dijk (£75 million)

Source: thetimes.co.uk

ပြောင်ရွေးကြေးမြင့်မားတဲ့ နောက်တန်းကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းကပြောင်းရွေ့လာတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး သူရဲ့အပြောင်းအရွေ့ကအားလုံးကို အံအားသင့်စေခဲ့ပါတယ်။ (၇၅) သန်းဆိုတဲ့ ပမာဏဟာ မနည်းလှပါဘူး။ နည်းပြအနေနဲ့ လှီဗာပူးအသင်းရဲ့ ယိုယွင်းနေတဲ့ ခံစစ်ကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ၀ယ်ယူခဲ့တာလည်းဖြစ်ပါတယ်။

(၂) Naby Keita (£48 million)

Source: news.sky.com

သူကတော့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ RB Leipzig အသင်းမှာကစားနေတာဖြစ်ပါတယ်။ ခြေစွမ်းခြေစကောင်းမွန်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး သူရဲ့အပြောင်းအရွေ့ကတော့ လာမည့် ဇွန်လမှာ အပြီးသက်မှာဖြစ်ပါတယ်။ နောင်နှစ်ဘောလုံးရာသီမှာတော့ လီဗာပူးအသင်းဝတ်ရုံနဲ့ သူကိုမြင်တွေ့ရမှာပါ။

(၃) Andy Carroll (£35 million)

Source: skysports.com

၂၀၁၀ ခုနှစ်တုန်းက နယူးကာဆယ်အသင်းမှ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အသင်းဟောင်းမှာ ခြေစွမ်းပြသော်လည်း လီဗာပူးအသင်းတွင်တော့ ရုန်းကန်ခဲ့ရပါတယ်။ မကြာမီမှာပဲ အသင်းကရောင်းချခဲ့ပါတယ်။ တကယ်ကို မှားယွင်းတဲ့ ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

 (၄) Alex Oxlade-Chamberlain (£35 million)

Source: news.sky.com

သူကိုတော့ အာဆင်နယ်အသင်းမှာ (၂၀၁၇)  ခုနှစ်က ခေါ်ယူခဲ့တာဖြစ်ပါတယ်။

(၅) Sadio Mane (£34 million) 

Source: footballparadise.com

ဆောက်သမ်တန်အသင်းမှ (၂၀၁၆) ခုနှစ်ဘောလုံးရာသီက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

(၆) Mohamed Salah (£34 million)

Source: news.sky.com

တကယ်ကို ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ပေးရတဲ့ဈေးနဲ့မတန်အောင်ကို ဆာလက်ခ်ျကကောင်းလွန်းနေတာဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာ သူဟာ ဂိုးများစွာသွင်းထားနိုင်တာဖြစ်ပါတယ်။