ပရော်ဖက်ရှင်နယ်ဈေးကွက်စီးပွားရေးဘောလုံးလောကမှာ ကလပ်တစ်သင်းထဲမှာပဲ အချိန်ကြာကြာကစားဖို့ဆိုတာ ထင်သလောက်မလွယ်လောက်ပါဘူး။ အသင်းအပေါ်အချစ်မြတ်နိုးဆုံးကစားသမားတွေသာ အဆိုပါတာဝန်ကို ကျေပွန်လေ့ရှိကြတာပါ။ အသင်းတစ်သင်းထဲမှာပဲ နှစ်ရှည်လများကစားခဲ့တဲ့ ဂန္တ၀င်ကစားသမားတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

၁. Tony Adams – အာဆင်နယ်

Source: sillyseason.com

သူဟာအာဆင်နယ်အသင်းမှာ (၁၉) နှစ်တိုင်တိုင်ကစားခဲ့ပါတယ်။ နောက်ခံလူတစ်ယောက်ဖြစ်တဲ့ သူရဲ့နာမည်ပြောင်ကတော့ Mr Arsenal’ ဖြစ်ပါတယ်။ သူဟာ အမ်းမရိတ်ကွင်းကြီးကို ချစ်မြတ်နိုးတွယ်တာသူတစ်ယောက်ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့အတူ ဆုဖလားများစွာ ယူဆောင်သွားသူလည်းဖြစ်ပါတယ်။ သူဟာ အာဆင်နယ်အသင်းမှာ ကစားတဲ့ (၁၉)နှစ်တာကာလမှာ ပွဲပေါင်း (၆၀၀) ကျော်ကစားသွားတာဖြစ်ပါတယ်။

၂. Gary Neville – မန်ချက်စတာယူနိုက်တက်

Source: sillyseason.com

သူဟာ မန်ယူအသင်းမှာ (၁၉) နှစ်တိုင်တိုင်ကစားခဲ့တာဖြစ်ပါတယ်။ သရဲနီဝတ်ရုံနံပါတ်ငါးကိုဝတ်ဆင်ပြီး အချိန်ကာလများစွာ တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ ပွဲပေါင်း (၆၇၂) ပွဲကစားခဲ့ပြီး မန်ယူအသင်းရဲ့ (၁၉၉၂) သမိုင်းဝင်ရွေရောင်မျိုးဆက်မှာပါဝင်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးသမားဘ၀မှ (၂၀၁၁) ခုနှစ်က အနားယူခဲ့ပြီး ယခုအချိန်မှာတော့ ဘောလုံးရေးရာဝေဖန်သူလုပ်နေတာလည်းဖြစ်ပါတယ်။

၃. Francesco Totti – ရိုးမား

Source: sillyseason.com

သူဟာ ရိုးမားအသင်းမှာ (၂၂)  နှစ်တိုင်တိုင်ကစားခဲ့တာဖြစ်ပြီး မကြာသေးခင်ကာလကမှ အနားယူသွားခဲ့တာဖြစ်ပါတယ်။ သူဟာရိုးမာအသင်းနဲ့အတူ ပွဲပေါင်းငါးရာကစားခဲ့တဲ့ ဂန္တ၀င်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အနားယူချိန်မှာအသက် (၄၁) ရှိနေပြီလည်းဖြစ်ပါတယ်။ တကယ်ကို စံပြုလေးစားလောက်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။