ကိုယ်တွေအသက်ရှင်ဖို့အတွက် လေတွေကိုရှူသွင်းရင်း နေ့စဉ်အသက်ဆက်နေကြရတာပါ။ ခုတော့ ဒီလိုအသက်ရှူခြင်းနဲ့ ဗိုက်ထဲကအဆီတွေကိုချလို့ရတဲ့ နည်းလမ်းလေးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

Source: www.davidwolfe.com

ဒီနည်းလမ်းက ဂျပန်ပြည်မှာအသုံးပြုတဲ့ နည်းလမ်းလေးဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံက ဗိုက်မှာအဆီတွေစုနေတဲ့ ယောက်ျားလေးအများစုက ဒီနည်းလမ်းကိုအသုံးပြုပြီး ဗိုက်ထဲကအဆီတွေကိုထုတ်ကြပါတယ်။

ဘယ်လိုလုပ်ရမှာလဲ

အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လက်ကိုအောက်ကနေဦးခေါင်းအထက်ထိ လက်ကိုဆန့်တန်းပြီးမြှောက်လိုက်ပါ။ အသက်ရှူတဲ့နေရာဟာ ဟိုးဝမ်းဗိုက်အတွင်းထဲထိရောက်အောင် ရှူသွင်းပါ။ ပြီးရင်တော့  ၇ စက္ကန့်လောက်ကို အသက်အောင့်ထားပါ။ လက်ကိုတော့ ရှေ့ဘက်နားကိုပို့ထားပါမယ်။ အနည်းငယ်တော့ ကိုင်းထားမှာပါ။ တန်းမနေတော့ပါဘူး။ တကယ်တော့ ဒါဟာ အသက်အောင့်ထားလို့ ဖြစ်သွားတဲ့ အနေအထားပုံစံပါ။ ဒီလိုပုံစံအတိုင်းပဲ အရပ်ရှစ်မျက်နှာလှည့်လုပ်ရမှာပါ။

တစ်နေ့ ဘယ်နှစ်ကြိမ်လုပ်ရမှာလဲ

Source: www.linkedin.com

ဒီအသက်ရှူလေ့ကျင့်ခန်းကို တစ်နေ့နှစ်ကြိမ်လုပ်ပေးရုံနဲ့ သင့်ရဲ့ ဝမ်းဗိုက်ထဲကအဆီတွေကို ကျသွားစေမှာပါ။ ကဲ.. လွယ်ကူရိုးရှင်းပြီးအသက်ရှူရုံနဲ့ အဆီကျစေမယ့် ဒီလေ့ကျင့်ခန်းလေးကိုလည်း စမ်းသပ်ပြီးလုပ်ကြည့်ကြနော်။