ကမ္ဘာကြီးဟာအချိန်နဲ့တပြေးညီပြောင်းလဲနေပါတယ်။ လူတွေရဲ့စိတ်ခံစားချက် ၊ အသွင်အပြင် တွေဟာလည်းအလားတူ ပြောင်းလဲမှုတွေကို ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ကိုရီးယားအဆိုတော်မလေးတစ်ဦး က တော့ပရိသတ်ကိုအံ့ အားသင့်မှုတွေအများကြီးပေးခဲ့ပါတယ်။

CL

Source : Fiveprime

၁၉၉၀ခုနှစ်၊တောင်ကိုရီးယား မှာမွေးဖွားခဲ့တဲ့အဆိုတော်မလေး C L ရဲ့နာမည်အပြည့်အစုံကတော့ Lee Chae-rin ပဲဖြစ်ပါ တယ်။ Rap သီချင်းတွေကိုအဆိုများတဲ့ Rapper မလေးဟာတေးသီချင်းတွေသီဆိုရုံမျှမက အမိုက်စားသီချင်းများကိုလည်းရေးသားသူတစ်ဦးလည်းဖြစ်ပါတယ်။

2NE1

Source : kpopstarstory.blogspot.com

CL ဟာကမ္ဘာကျော် 2NE1 အဖွဲ့ကြီးရဲ့ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်၊တောင်ကိုရီးယား မှာစတင်ဖွဲ့စည်းခဲ့တဲ့ 2NE1 Girl Group ကြီးဟာကမ္ဘာတစ်ဝန်းလုံးမှာ အမျိုးသားပုရိသတွေသာမကမိန်းကလေး ပရိသတ်တွေပါ အခိုင်အမာရရှိထားတဲ့အဖွဲ့ကြီး ဖြစ်ပါတယ်။

အလှအပနဲ့ဆွဲဆောင်မှု

Source : Auntymay

C L ရဲ့ ဆွဲဆောင်မှုတွေဟာ အဆိုပိုင်းအပြင် သူမရဲ့ ခန္ဓာကိုယ်သွယ်လျ မှုနဲ့ အလှအပ တွေလည်း ပါဝင် ခဲ့ပါတယ်။

ဘယ်လိုတွေတောင်အံ့အားသင့်စေခဲ့တာလဲ

Source: Amino

အဆိုတော် C L ကပရိသတ်ကြီးကိုဘယ်လိုတွေတောင်အံ့သြမှင်သက်စေခဲ့တာလဲ။ မနေ့က သြဂုတ် (၃) ရက်နေ့ ၊ Incheon လေဆိပ်မှာအမှတ်မထင်တွေ့လိုက်ရတဲ့ အဆိုတော်မလေး CL ရဲ့ပုံရိပ်တွေကသူမ ပရိသတ်တွေကိုအကြီးအကျယ် အံ့အားသင့်စေခဲ့ပါတယ်။

ဝေခွဲရခက်နေတဲ့ C L ရဲ့ပရိသတ်တွေ

Source: Akhayar

လုံးဝမထင်မှတ်ထားတဲ့အသွင်အပြင်နဲ့ အဆိုတော်မလေး C L ကိုတွေ့လိုက်ရတဲ့ပြီးတဲ့နောက်မှာ သူမ ပရိသတ်တွေဟာ ဒွိဟတွေများစွာနဲ့ဝေခွဲရခက်နေကြပါတယ်။ အလွန်အမင်းမြင့်တက် လာတဲ့ သူမ ရဲ့ ကိုယ်အလေးချိန် ဟာ သူမပရိသတ်တွေကို မေးခွန်းတွေအများကြီးဖြစ်စေပါတယ်။ CL တစ်ယောက် ဘယ်လို အခက်အခဲ၊ စိတ်ဖိစီးမှုတွေများ ကြုံနေရသလဲပေါ့။