အမျိုးသားထုကြီး တစ်ရပ်လုံး အတွက် အရေးကြီးတဲ့ လိုအပ်ချက် တစ်ခုရှိနေပါတယ်။ ဒါကတော့ ကိုယ်ချစ်နေရတဲ့ မိန်းကလေးကို ဘယ်လို စကားလုံးတွေသုံးပြီး ကျလာအောင် လုပ်ရမလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တချို့သော ကွီးတွေက နဂိုတော်ကီကြွယ်တဲ့ ဓတ်ခံရှိပေမယ့် တချို့သော ပုရိသတွေကတော့ Crush ရှေ့ရောက်တဲ့အခါ ပြောစရာစကားတွေ ခန်းခြောက်နေတတ်ပါတယ်။

သူမဘာတွေ ကြိုက်တတ်သလဲ။

Source: oystersailing.in

စကားစပြောကြတဲ့အခါမှာ ကိုယ်ဘာတွေသဘောကျတယ်၊ ဘာအိမ်မက်တွေ ရှိတယ်ဆိုတာထက် သူမ ဘာတွေနှစ်သက်တယ်၊ ဘယ်လိုစိတ်ကူးတွေရှိ နေတယ်ဆိုတာကို စကားလမ်းကြောင်းပြီး မေးမြန်းသင့် ပါတယ်။ ဦးစားပေးတတ်တဲ့ အမျိုးသားတစ်ယောက် အဖြစ် Crush လေးက အမှတ်တွေ ပေးပါလိမ့်မယ်။

သူမရဲ့ အလှအပတွေ

Source: familiesforlife.sg

ကိုယ်သဘောကျနှစ်သက်နေတဲ့ မိန်းကလေးနဲ့ စကားပြောတဲ့အခါမှာ သူမဘယ်လိုလှကြောင်း၊ ချော မောကြောင်းကို မကြာမကြာ ထည့်သွင်းပြောကြားပေး သင့်ပါတယ်။ ပေါ်တင်ကြီး ချီးမွမ်းတာမျိုး မဖြစ်စေပဲ မသိမသာလေး ပြောကြားပေးခြင်းဖြင့် ချစ်သူလေးရဲ့ သဘောကျနှစ်သက်မှုကို ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ်။

ရီစရာ ပျက်လုံးများ

Source: Glamour

သင်ဟာ တခြားအချိန်တွေမှာ ဘယ်လိုပင် အနေတည်သူတစ်ဦး ဖြစ်နေပါစေ။ သင့်ချစ်သူမိန်းကလေး ရှေ့ရောက်ပြီဆိုလျင် ဟာဒယရွှင်ဆေး တိုက်ကျွေးတတ်တဲ့ လူရွှင်တော်တစ်ဦး အဖြစ် ချက်ခြင်းပြောင်းလဲပစ် လိုက်သင့်ပါတယ်။ သင့်ဟာသ ပျက်လုံးများကြောင့် Crush လေးက အပြုံးပန်းတွေကို ရက်ရက်ရောရော ပေးပါ လိမ့်မယ်။

ဂရုစိုက်တတ်သော ယောက်ျား

Source: HuffPost

Crush လေးနဲ့ တွေ့တဲ့အခါမှာ သူမဘာဖြစ်နေတယ်၊ ဘယ်လိုတွေကြုံတွေ့ခံစားနေရတယ်ဆိုတာကို စိုးရိမ်တဲ့ ပုံမျိုးနဲ့ မေးမြန်းသင့်ပါတယ်။ သင်ဟာ ဂရုစိုက်တတ်သူ တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ချစ်သူမိန်းကလေး အတွက် သဘောကျစရာ အချက်တွေဖြစ်ပဲ ဖြစ်ပါတယ်။