အဆိုတော်မလေး တေလာဆွစ်ဖ်ဟာ နုလုံးရေးရာမှာ ကံကောင်းသူလား၊ကံဆိုးသူလားဆိုတာ သူမရဲ့ ပရိသတ်ကြီးက ဝေခွဲမရဖြစ်နေခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း တေလာဆွစ်ဖ်ရဲ့ အချစ်ရေးဟာ မတည်ငြိမ် မှုတွေနဲ့ အတူ အမြဲရုန်းကန် လှုပ်ရှားရတာ ဖြစ်ပါတယ်။

ဂီတလောကရဲ့ ကြယ်ပွင့်

Source: graziadaily.co.uk

အမေရိကန်လူမျိုးဖြစ်သော နှုတ်ခမ်းနီမလေး တေလာဆွစ်ဖ်ဟာ ဆယ်ကျော်သက်အရွယ်မှစတင်ကာ သီချင်းများကို ရေးသားသီဆိုခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ပွဲဦးထွက် ‘ Taylor Swift’ အမည်နဲ့ အယ်လ်ဘမ်ဟာ အထူးအောင်မြင်ခဲ့ပြီး ၂၀၀၈ခုနှစ်ရဲ့ အကောင်းဆုံး မျက်နှာသစ်အဆိုတော်ဆုကို သိမ်းပိုက်ရရှိခဲ့တယ်။

အချစ်ဦး

Source: europafm.com

ဆွစ်ဖ်ရဲ့ နုလုံးသားရေးရာဟာ ယခင်အစထဲက ယခုချိန်ထိ တည်ငြိမ်မှု ကင်းမဲ့နေဆဲ ဖြစ်ပါတယ်။ သရုပ်ဆောင်၊အဆိုတော်တစ်ဦးဖြစ်သူ Joe Jonas ဟာ သူမရဲ့ ပထမဆုံး အချစ်ဦးလို့လည်း ပြောလို့ရပါတယ်။ ဆွစ်ဖ်ဟာ Jonas နဲ့ သုံးလခန့်သာ ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်မင်းသားချစ်သူ

Source : Male favorite singer Taylor Swift‘s

အဆိုတော်မလေး တေလာဆွစ်ဖ်ဟာ ၂၀၀၉ခုနှစ်မှာ သူမရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ Valentine’s Day ကိုရိုက်ကူးနေစဉ်မှာ တွဲဖက်သရုပ်ဆောင် Taylor Lautner နှင့် ချစ်ကြိုက်ခဲ့ပြီး ၂၀၀၉နှစ်ကုန်ပိုင်းတွင် နှစ်ဦး သဘောတူ လမ်းခွဲကြပြန်ပါတယ်။

လက်ရှိအချိန်မှာ တွဲထားတဲ့လက်တစ်စုံ

Source : CelebMafia

စတိုင်မိုက်ပြီး အနုပညာမှာ အောင်မြင်သလောက် လက်တွဲခဲ့တဲ့ ချစ်သူရည်းစားတွေကလည်း များပြား လွန်းလှတယ်လို့ ပြောစမတ်ပြုရလောက်အောင်ပင် တေလာဆွစ်ဖ် ရဲ့ အချစ်ရေးက ရှုပ်ထွေးလွန်းလှပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုတော်မလေးတေလာဆွစ်ဖ်ဟာ ဗြိတိန်မင်းသား Hawksmoor နဲ့  Date နေတဲ့ ပုံများပေါ်ထွက်လာခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ထဲက တွဲနေခဲ့တဲ့ လက်တစ်စုံကို ယနေ့အချိန်မှာ ဆွစ်ဖ်က ရှက်ပြုံး လေးနဲ့ တရားဝင် ၀န်ခံခဲ့တာပဲ ဖြစ်ပါတယ်။