တကယ့်ကို ထူးခြားတဲ့ ပါတီပွဲလေးတစ်ပွဲ ဖြစ်မှာပါ။ ထူးခြားပေမယ့် ရိုးရှင်းမှုတွေကို တွေ့ကြုံခံစား ရမှာဖြစ်ပါတယ်။ ချစ်သူကောင်မလေးတွေ၊ ဇနီးမယားတွေ၊ သားသမီးတွေ မပါပဲ အမျိုးသားများ သီးသန့် စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်မြူးတူးနိုင်မယ့် ပါတီပွဲလေးတစ်ပွဲပေါ့။ ဒါပေမယ့် ကိုယ့်သက်ဆိုင်ရာလူတွေရဲ့ သဘောတူ ခွင့်ပြုချက်ကို ယူဖို့လည်း မမေ့ပါနဲ့အုံးနော်။

ပုရိသပါတီအတွက် နေရာ

  Source: yandex.ru

ပါတီပွဲကျင်းပတဲ့ အိမ်ဟာ အိမ်သားတွေ၊ခရီးထွက်နေတာမျိုး၊ ခြံဝန်းကျယ်ကျယ်ထဲမှာ သီးသန့်ရှိတဲ့ နေရာမျိုး ဆိုပိုအဆင်ပြေပါတယ်။

တီးဝိုင်းလေး

Source: Steemit

ပုရိသတွေချည်းပဲ ဖြစ်တဲ့အတွက် ဂီတာတွေနဲ့ တီးဝိုင်းငယ်လေးကတော့ မရှိမဖြစ်ပါနေမှာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေ လူစုံတဲ့အခါမှာ တေးသီချင်းတွေကို အော်ဟစ်သီဆိုပြီး ၀ိုင်းဖွဲ့တီးခတ်ကြမှာ မလွဲပါပဲ။

အဖျော်ယမကာမျိုးစုံ

Source: VideoBlocks

အမျိုးသားတွေပဲ ကျင်းပဆင်နွဲတဲ့ ပါတီပွဲလေးမှာ နောက်ထပ်မပါမဖြစ် ပါရမယ့် အရာကတော့ အဖျော် ယမကာတွေပဲ ဖြစ်ပါတယ်။ ပွဲတက်သူကွီးတို့ အားလုံးသဘောကျနှစ်သက်နိုင်မယ့် အဖျော်ယမကာများကို တည်ခင်း ဧည့်ခံသင့်ပါတယ်။

အမျိုးသားများ သတိပြုရှောင်ကျဉ်သင့်

Source: Hayred

ပုရိသတို့ရဲ့ ပါတီမှာ ကွီးတို့အနေနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ပါးမြူးတူးကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အပျော်အပါးမှာ သတိပြုစရာ၊ရှောင်ကျဉ်စရာတွေကလည်း ရှိနေပါတယ်။ တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဖြစ် ပွားခြင်း၊ အရက်သေစာများ အလွန်အမင်း သောက်စားခြင်း၊ တစ်ယောက်နဲ့တစ်ယောက် မခံချင်အောင် စနောက်ခြင်း စတဲ့ အချက်တွေကို ဂရုပြုရှောင်ကျဉ်သင့် ပါတယ်။