သြဂုတ်လ (၃၁) ရက်နေ့ စနေနေ့ညရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်မန်စီးတီးအသင်းက ဘရိုက်တန်အသင်းကို (၄-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ အိမ်ရှင်မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာအနိုင်ရလဒ်ထွက်ပေါ်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး အဂူရို၊ စတာလင်၊ မာရက်ဇ်၊ ဒီဘရိုင်းစတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ပွဲချိန်စတင်ပြီး (၂) မိနစ်မှာပဲ ဒီဘရိုင်းက မန်စီးတီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Source : Manchester Evening News

မန်စီးတီးအသင်းအနေနဲ့ ပွဲကိုဆက်လက်ဖိအားပေးကစားခဲ့ကာ ပွဲချိန် (၄၂)မိနစ်မှာပဲ ဒီဘရိုင်းရဲ့ ပေးပို့လာသောဘောလုံးကို အဂူရိုကအကောင်းဆုံးကန်သွင်းကာ ဒုတိယမြောက်သွင်းဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ပထမပိုင်းကိုတော့ အိမ်ရှင်အသင်းရဲ့သွင်းဂိုးတွေဖြစ်တဲ့ (၂-ဝ)ဂိုးရလဒ်ဖြင့် အဆုံးသတ်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကပဲ ပွဲကိုဆက်လက်ဦးဆောင်ကစားခဲ့ကာ သွင်းဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ဘရိုက်တန်အသင်းအတွက်တော့တော်တော်လေးခက်ခဲခဲ့တဲ့ပွဲလို့ဆိုရမှာပါ။

Source : The42

ဒုတိယပိုင်းပွဲချိန် (၅၅)မိနစ်မှာတော့ အဂူရိုကပဲ တတိယမြောက်သွင်းဂိုးထပ်မံ သွင်းယူပေးခဲ့ပြန်ပါတယ်။လက်ကျန်မိနစ်တွေအထိ ဘရိုက်တန်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို မမြင်တွေ့ခဲ့ရပဲ မန်စီးတီးအသင်းကပဲ တောက်လျောက်ဖိအားပေးကစားခဲ့ကာ (၄) ဂိုးမြောက်သွင်းဂိုးကိုတော့ လူစားလဲဝင်ရောက်လာတဲ့ ဘာနာဒိုဆေးဗားက ပွဲချိန် (၇၉) မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးပွဲပြီးဆုံးသည်အထိ မန်စီးတီးအသင်းကပဲ ဦးဆောင်ကစားနိုင်ခဲ့တာကြောင့် (၄-၀)ဂိုးရလဒ်ဖြင့် အိမ်ကွင်းမှာဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

Source : Manchester Evening News