[Zawgyi]

ဒီေန႔မနက္အေစာပိုင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္(၇) ျဖစ္တဲ့ အာဆင္နယ္အသင္းနဲ႔ မန္ယူအသင္းတို႔ပြဲစဥ္ကေတာ့ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈအေျမာက္အမ်ားရရွိခဲ့တဲ့ ပြဲစဥ္တစ္ပြဲျဖစ္ပါတယ္။ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈရရွိခဲ့တဲ့အတိုင္း ႏွစ္ဖက္အသင္းအႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ေပမယ့္လည္း တစ္ဖက္တစ္ဂိုးစီနဲ႔ ပြဲကိုအဆံုးသတ္သြားခဲ့ပါတယ္။အဆိုပါ ပြဲစဥ္မွာေတာ့ အိမ္ရွင္ယူႏိုက္တက္အသင္းအေနနဲ႔ တြမ္မီေနး ၊ မက္ဂိြဳင္းယား ၊ ရပ္ဖိုဒ့္ ၊ လင္ဂတ္ ၊ ဒင္နီရယ္ဂ်ိမ္းစ္ စတဲ့ကစားသမားေကာင္းေတြနဲ႔ ပြဲထြက္လာခဲ့ပါတယ္။

Source : Evening Standard

 

အာဆင္နယ္အသင္းကေတာ့ ေပေပ ၊ အူဘာမီယန္း ၊ ေဒးဗစ္လုဇ္ ၊ ဂြမ္ဒူဇီ ၊ ဆိုကေရးတစ္ ၊ ခ်မ္စ္ဘာ စတဲ့ကစားသမားေကာင္းေတြနဲ႔ အိမ္ရွင္မန္ယူအသင္းကို ရင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ပထမပိုင္း ပြဲကစားခ်ိန္စတင္တာနဲ႔ တစ္ၿပိဳင္နက္ ႏွစ္သင္းစလံုး ေျခစြမ္းပိုင္းတူညီေနခဲ့ၿပီး အျပန္အလွန္တိုက္စစ္ဆင္မႈေတြနဲ႔ အတူ ဦးေဆာင္ဂိုးေတြရရွိမယ့္ အခြင့္အေရးေတြရရွိခဲ့ၾကပါတယ္။ပြဲကစားခ်ိန္ၾကာလာတာနဲ႔ အမွ် ကစားပြဲရဲ႕ အရွိန္ကပိုမိုျပင္းထန္လာခဲ့ၿပီး ပြဲခ်ိန္ (၄၅) မိနစ္မွာေတာ့ တြမ္မီေနးရဲ႕လွပတဲ့ ကန္ခ်က္ကေနတစ္ဆင့္ အိမ္ရွင္အသင္းမွ ဦးေဆာင္ဂိုးစတင္ရရွိသြားခဲ့ပါတယ္။

Source : Evening Standard

ပထမပိုင္းကိုေတာ့ အိမ္ရွင္မန္ယူအသင္းရဲ႕ ဦးေဆာင္ဂိုးနဲ႔ အတူ ပြဲကိုအဆံုးသတ္ခဲ့ပါတယ္။ဒုတိယပိုင္းျပန္လည္စတင္ခ်ိန္မွာေတာ့ အိမ္ရွင္အသင္းကပဲ ေနာက္ထပ္အႏိုင္ဂိုးေတြ သြင္းယူဖို႔ ဆႏၵျပင္းျပေနခဲ့ၿပီး အာဆင္နယ္အသင္းဘက္ကို ဖိအားေပးကစားခဲ့ပါတယ္။သို႔ေသာ္လည္း အာဆင္နယ္အသင္းအေနနဲ႔ ပြဲကစားခ်ိန္ (၅၈) မိနစ္မွာ မန္ယူအသင္းရဲ႕ ေနာက္တန္းကစားသမားေတြရဲ႕ အမွားကေန အခြင့္အေရးကိုအေကာင္းဆံုးအသံုးခ်ကာ ေခ်ပဂိုးျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး အဆိုပါေခ်ပဂိုးကိုေတာ့ အာဆင္နယ္တိုက္စစ္ကစားသမား အူဘာမီယန္းက သြင္းယူေပးခဲ့တာျဖစ္ပါတယ္။တစ္ဖက္တစ္ဂိုးစီ ဂိုးေတြရရွိၿပီးခ်ိန္မွာေတာ့ ပြဲရဲ႕အရွိန္ပိုမိုတက္လာခဲ့ၿပီး မန္ယူအသင္းဘက္မွ အႏိုင္ဂိုးေတြရရွိဖို႔ ဆက္တိုက္ ထိုးေဖာက္တိုက္စစ္ဆင္ခဲ့တာျဖစ္ပါတယ္။;

Source : Evening Standard

မန္ယူအသင္းအေနနဲ႔ ဂိုးရရွိမယ့္အခြင့္အေရးေတြအမ်ားႀကီး ရရွိခဲ့ေပမယ့္လည္း ေကာင္းစြာအသံုးမခ်ႏိုင္ခဲ့သလို အာဆင္နယ္အသင္းဂိုးသမား လီႏိုက အေကာင္းဆံုး လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တာေၾကာင့္ မန္ယူအသင္းအေနနဲ႔ ေနာက္ထပ္အႏိုင္ဂိုးေတြထပ္မံသြင္းယူႏိုင္ျခင္းမရရွိခဲ့ပါဘူး။ပြဲခ်ိန္ၿပီးဆုံးသည္အထိ အႏိုင္ဂိုးေတြဆက္လက္သြင္းယူျခင္းမရွိခဲ့တာေၾကာင့္ (၁-၁) ဂိုးသေရရလဒ္နဲ႔သာေက်နပ္ခဲ့ရၿပီး တစ္သင္းတစ္မွတ္စီ အမွတ္ေတြခြဲယူသြားခဲ့တာျဖစ္ပါတယ္။

Source : Evening Standard

[Unicode]

ဒီနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၇) ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်ကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအမြောက်အများရရှိခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိခဲ့တဲ့အတိုင်း နှစ်ဖက်အသင်းအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပေမယ့်လည်း တစ်ဖက်တစ်ဂိုးစီနဲ့ ပွဲကိုအဆုံးသတ်သွားခဲ့ပါတယ်။အဆိုပါ ပွဲစဉ်မှာတော့ အိမ်ရှင်ယူနိုက်တက်အသင်းအနေနဲ့ တွမ်မီနေး ၊ မက်ဂွိုင်းယား ၊ ရပ်ဖိုဒ့် ၊ လင်ဂတ် ၊ ဒင်နီရယ်ဂျိမ်းစ် စတဲ့ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။

Source : Evening Standard

 

အာဆင်နယ်အသင်းကတော့ ပေပေ ၊ အူဘာမီယန်း ၊ ဒေးဗစ်လုဇ် ၊ ဂွမ်ဒူဇီ ၊ ဆိုကရေးတစ် ၊ ချမ်စ်ဘာ စတဲ့ကစားသမားကောင်းတွေနဲ့ အိမ်ရှင်မန်ယူအသင်းကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ပထမပိုင်း ပွဲကစားချိန်စတင်တာနဲ့ တစ်ပြိုင်နက် နှစ်သင်းစလုံး ခြေစွမ်းပိုင်းတူညီနေခဲ့ပြီး အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ အတူ ဦးဆောင်ဂိုးတွေရရှိမယ့် အခွင့်အရေးတွေရရှိခဲ့ကြပါတယ်။ပွဲကစားချိန်ကြာလာတာနဲ့ အမျှ ကစားပွဲရဲ့ အရှိန်ကပိုမိုပြင်းထန်လာခဲ့ပြီး ပွဲချိန် (၄၅) မိနစ်မှာတော့ တွမ်မီနေးရဲ့လှပတဲ့ ကန်ချက်ကနေတစ်ဆင့် အိမ်ရှင်အသင်းမှ ဦးဆောင်ဂိုးစတင်ရရှိသွားခဲ့ပါတယ်။

Source : Evening Standard

ပထမပိုင်းကိုတော့ အိမ်ရှင်မန်ယူအသင်းရဲ့ ဦးဆောင်ဂိုးနဲ့ အတူ ပွဲကိုအဆုံးသတ်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ အိမ်ရှင်အသင်းကပဲ နောက်ထပ်အနိုင်ဂိုးတွေ သွင်းယူဖို့ ဆန္ဒပြင်းပြနေခဲ့ပြီး အာဆင်နယ်အသင်းဘက်ကို ဖိအားပေးကစားခဲ့ပါတယ်။သို့သော်လည်း အာဆင်နယ်အသင်းအနေနဲ့ ပွဲကစားချိန် (၅၈) မိနစ်မှာ မန်ယူအသင်းရဲ့ နောက်တန်းကစားသမားတွေရဲ့ အမှားကနေ အခွင့်အရေးကိုအကောင်းဆုံးအသုံးချကာ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး အဆိုပါချေပဂိုးကိုတော့ အာဆင်နယ်တိုက်စစ်ကစားသမား အူဘာမီယန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။တစ်ဖက်တစ်ဂိုးစီ ဂိုးတွေရရှိပြီးချိန်မှာတော့ ပွဲရဲ့အရှိန်ပိုမိုတက်လာခဲ့ပြီး မန်ယူအသင်းဘက်မှ အနိုင်ဂိုးတွေရရှိဖို့ ဆက်တိုက် ထိုးဖောက်တိုက်စစ်ဆင်ခဲ့တာဖြစ်ပါတယ်။;

Source : Evening Standard

မန်ယူအသင်းအနေနဲ့ ဂိုးရရှိမယ့်အခွင့်အရေးတွေအများကြီး ရရှိခဲ့ပေမယ့်လည်း ကောင်းစွာအသုံးမချနိုင်ခဲ့သလို အာဆင်နယ်အသင်းဂိုးသမား လီနိုက အကောင်းဆုံး လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် မန်ယူအသင်းအနေနဲ့ နောက်ထပ်အနိုင်ဂိုးတွေထပ်မံသွင်းယူနိုင်ခြင်းမရရှိခဲ့ပါဘူး။ပွဲချိန်ပြီးဆုံးသည်အထိ အနိုင်ဂိုးတွေဆက်လက်သွင်းယူခြင်းမရှိခဲ့တာကြောင့် (၁-၁) ဂိုးသရေရလဒ်နဲ့သာကျေနပ်ခဲ့ရပြီး တစ်သင်းတစ်မှတ်စီ အမှတ်တွေခွဲယူသွားခဲ့တာဖြစ်ပါတယ်။

Source : Evening Standard