ဆံပင်စုတ်ဖွားနဲ့ပြေးလွားနေတတ်တဲ့ ကစားသမားတစ်ယောက်၊ နောက်တန်းကစားသမားပင်မဲ့ ရှေ့တန်းကို အစွမ်းကုန်ကူနိုင်ပြီး တောင်ပံကစားသမားတစ်ယောက်ထက်တောင်ပိုတဲ့ လုပ်အားနှုန်းတွေနဲ့ကစားသမားကတော့ ကြယ်စင်စုအသင်းရဲ့ မာဆယ်လိုဖြစ်ပါတယ်။ ဘရာဇီးသားတစ်ယောက်ဖြစ်တဲ့ မာဆယ်လိုဟာ ရီးရဲလ်အသင်းရဲ့ သုံးနှစ်ဆက်တိုက် ချန်ပီယံလိဂ်ဗိုလ်ဆွဲတဲ့ကာလမှာ အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။ သင်မသိသေးလောက်တဲ့ မာဆယ်လိုရဲ့အကြောင်းတွေကိုလည်း ရှာဖွေဖော်ပြပေးလိုက်ရပါတယ်နော်…

Source: wallpapercave.com

(၁) သူဟာ အကောင်းဆုံးသောကစားသမားတစ်ယောက်ဆိုပေမဲ့ အမှားတော့ရှိခဲ့ဖူးပါတယ်။ (၂၀၁၄) ခုနှစ်ကမ္ဘာ့ဖလားပွဲစဉ်အစမှာ ခရိုအေရှားအသင်းနဲ့ ရင်ဆိုင်ကစားရာမှာ သူရဲ့အမှားကြောင်းတစ်ဂိုးပေးလိုက်ရပါတယ်။ ဒါပေမဲ့ပွဲအပြီးမှာတော့ ဘရာဇီးတို့ သုံးဂိုးတစ်ဂိုးနဲ့ အောင်လံထူခဲ့ပါတယ်။

Source: wallpapercave.com

(၂) သူဟာဒူးဒဏ်ရာကြောင့် နိုင်ငံအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ခဲ့ပါတယ်။ အချိန်ကတော့ (၂၀၁၃) ခုနှစ်ဖြစ်ပြီး သူဟာ ဒဏ်ရာကြောင့် နှစ်ပတ်ကြာနားခဲ့ရပြီး ရီးရဲအသင်းရဲ့ပွဲစဉ်အချို့ကိုပါ လက်လွတ်ခဲ့ရပါတယ်။ ထိုကာလဟာ သူအတွက် အခက်ခဲဆုံးကာလတစ်ခုလို့ အမြဲလိုလိုပြောကြားတတ်ပါတယ်။

(၃) သူဟာ ရီးရဲလ်အသင်းကို (၂၀၀၇) ခုနှစ်ကစတင်ရောက်ရှိခဲ့ပြီး သူဟာ ပါရမီရှိတဲ့ကစားသမားတစ်ယောက်ပါလို့ ရီးရဲအသင်းတစ်ခုလုံးက ချီးကျူးခဲ့ကြပါတယ်။ ထိုရာသီမှာတော့ သူဟာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ကြိုးစားမှုရဲ့ အသီးအပွင့်တွေအဖြစ် (၂၀၁၀) ခုနှစ်လောက်မှာတော့ တန်းဝင်တဲ့ ခြေစွမ်းမျိုးပြနိုင်ခဲ့ပါတယ်။ သူဟာ ရော်နယ်ဒိုနဲ့ ကွင်းတွင်းကွင်းပြင်မှာပါ အချိတ်အဆက်မိပြီး ဂိုးပေါင်းများစွာကို ရီးရဲအတွက် လက်ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Source: wallpapercave.com

(၄) မာဆယ်လိုဟာ သူရဲ့ကာလရှည်တွဲလာခဲ့တဲ့ ချစ်သူနဲ့ အသက် (၂၀) အရွယ်မှာ လက်ထပ်ခဲ့ပါတယ်။ သူမနာမည်ကတော့  Clarice Alves  ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ အသက် (၁၅) နှစ်လောက်ထဲက တွေ့ခဲ့တာဖြစ်ပါတယ်။

(၅) သူဟာ (၂၀၁၂) ခုနှစ်မှာ Nike ကိုငြင်းပယ်ပြီး Addidas နဲ့စာချုပ်ချုပ်ခဲ့ပါတယ်။

အစွဲအလန်းကြီးပြီး ရော်နယ်ဒိုရဲ့ အီတလီမြေသို့ အပြောင်းအရွှေ့မှာ ၀မ်းနည်းတမ်းတနေခဲ့ရတဲ့ မာဆယ်လိုတစ်ယောက် ယခုနှစ်မှာရောအရင်လို ခြေစွမ်းတွေပြန်ပြနိုင်မလားဆိုတာတစ်ချက်လောက်စောင့်ကြည့်ရအောင်….