(Unicode)

စိတ်ပင်ပန်းနွမ်းနယ်မှု၊ မွန်းကြပ်မှုတွေကို ပြေပျောက်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုကတော့ ပါတီပွဲတက်ခြင်းပဲဖြစ်ပါတယ်။ ပါတီပွဲမှာ သူငယ်ချင်းများနဲ့ ခုန်ပေါက်ပျော်ပါးရင်း ညစ်ညူးနေတဲ့စိတ်အစဉ်ကို ပြန်လည်လန်းဆန်းတက်ကြွလာစေမှာ အမှန်ပါပဲ။ ပါတီအမျိုးအစားတွေက မျိုးစုံရှိတဲ့အနက်မှ ဒီတစ်ပတ်မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးပါတီအကြောင်း ပြောပြပေးချင်ပါတယ်။

အနောက်နိုင်ငံမှာတော့ မျက်နှာဖုံးစွပ်ဖြင့် ပါတီတက်ခြင်းအလေ့အထက တော်တော်လေး ခေတ်စားပါတယ်။ မျက်နှာဖုံးပါတီဆိုပြီး သီးသန့်ကျင်းပလေ့ရှိပါတယ်။ ထိုပါတီက ဘယ်အချိန်၊ ဘယ်နေရာမှာ အစပြုခဲ့သလိုဆိုတာ စာဖတ်သူတို့ သိပါသလား။

Source: royalcaribbean.com

၁၃ ရာစုနှစ်ခန့်က အထိမ်းအမှတ်ပွဲတော်များ၊ မင်္ဂလာဆောင် ပွဲများ၊ ဆန်းပြားတဲ့ ဝတ်စုံများ ဝတ်ဆင်ပြီး စီတန်းလှည့်လည်တဲ ကာနီဗယ်ပွဲတော်တွေမှာ မျက်နှာဖုံးတပ်ပြီး ပျော်ရွှင်စရာများ ဆင်နွှဲလေ့ရှိကြပါတယ်။ မျက်နှာဖုံးပါတီပွဲဆိုတာ အယုတ် အလတ် အမြတ်မရွေး အဆင့်အတန်းမခွဲခြားဘဲ ကိုယ့်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ လက္ခဏာ၊ ဂုတ်အဆင့်အတန်းတွေကို မေ့ထားပြီး တက်ရတဲ့ ပါတီပွဲဖြစ်ပါတယ်။ တဖြည်းဖြည်းကြာလာတဲ့အခါ ထိုမျက်နှာဖုံးများက ပါတီပွဲအဆင်အယင်တစ်ခုအဖြစ် တရားဝင်သတ်မှတ်လာခဲ့ကြတာပါ။

တူတူပုန်း ပါတီလို့လည်း အမည်ခေါ်တွင်

Source: vigilantcitizen.com

အရောင်တောက်တောက်နဲ့ ရဲရင့်တဲ့ပုံသဏ္ဍာန်ဖော်ဆောင်တဲ့ မျက်နှာဖုံးဒီဇိုင်းများက တဖြည်းဖြည်းနဲ့ခေတ်စားလာခဲ့တာ ယနေ့အချိန်ထိပါပဲ။ ရုပ်ဖျက်ပြီး ပါတီပွဲတက်မယ်၊ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် စနောက်ပြီး တူတူပုန်းတမ်းကစားလို့ရတဲ့ ပါတီပွဲဆိုလည်း မမှားပါဘူး။

အီတလီနိုင်ငံမှာ ဘယ်လိုကျင်းပလေ့ရှိလဲ။

Source: brionprice.smugmug.com

အီတလီနိုင်ငံမှာကတော့ Grand Carnival ပွဲတော်ကျင်းပရာမှ မျက်နှာဖုံးပါတီပွဲကခေတ်စားလာတာပါ။ တချို့အမျိုးသားတွေဆိုရင် ကိုယ်နှစ်သက်တဲ့ အမျိုးသမီးက ဘယ်မျက်နှာဖုံးတပ်ထားသလဲဆိုတာ သေချာသိအောင် ပြုလုပ်ပြီးနောက် သူမထံက အနမ်းကို ခိုးယူလေ့ရှိကြပါတယ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ကိုယ့်ခရက်ရှိဆီက အနမ်းပန်းတစ်ပွင့် ချွေယူတယ်ပေါ့။

မျက်နှာဖုံး အမျိုးအစား ဘယ်နှခုရှိပါသလဲ။

Bauta

Source: annastoursofitaly.com

Bauta လို့ အမည်ရတဲ့ မျက်နှာဖုံးကတော့ ရှေးခေတ်တုန်းက ခေတ်စားခဲ့တဲ့ ရိုးရာမျက်နှာဖုံးလေးပါ။ ဒီမျက်နျာဖုံးက မျက်လုံးနှစ်ခုနေရာမှာပဲ အပေါက်ဖောက်ထားပြီး မျက်နှာတစ်ခုလုံးဖုံးထားတဲ့ မျက်နှာဖုံးပါ။ တချို့မျက်နှာဖုံးတွေမှာ ငှက်မွှေးတစ်ချောင်းထိုးညှပ်ထားလေ့ရှိပါတယ်။ ထိုငှက်မွှေးကြည့်ခြင်းအားဖြင့် ကိုယ်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ပြရာလည်း ရောက်ပါတယ်။

Columbina

Source: blog.partypieces.co.uk

ဒီမျက်နှာဖုံးလေးကတော့ မျက်နှာတစ်ဝက်ပဲဖုံးထားတဲ့ မျက်နှာလေးပါ။ ရွှေရောင်၊ ငွေရောင်၊ ဘော်ကြယ် (သို့) သလင်းကျောက်လေးတွေနဲ့ အလှဆင်ထားလေ့ရှိပါတယ်။ ဒီမျက်နှာဖုံးကို စတင်တီထွင်ခဲ့တဲ့သူကတော့ ပြဇာတ်မင်းသမီးပဲဖြစ်ပါတယ်။ သူမက သူမရဲ့လှပတဲ့မျက်နှာတစ်ခုလုံးကို မဖုံးအုပ်ချင်တဲ့အတွက်ကြောင့် Columbina မျက်နှာဖုံးလေးကို စွပ်ထားပြီး အနောက်မှာ ဖဲပြားပုံသဏ္ဍာန် စည်းနှောင်ထားခဲ့ပါတယ်။ အခြားမျက်နှာဖုံး အမျိုးအစားတွေကတော့ Medico Della Peste ၊ Moretta နဲ့ Volto တို့ပဲဖြစ်ပါတယ်။

(Zawgyi)

စိတ္ပင္ပန္းႏြမ္းနယ္မႈ၊ မြန္းၾကပ္မႈေတြကို ေျပေပ်ာက္ႏိုင္မယ့္ နည္းလမ္းေကာင္းတစ္ခုကေတာ့ ပါတီပြဲတက္ျခင္းပဲျဖစ္ပါတယ္။ ပါတီပြဲမွာ သူငယ္ခ်င္းမ်ားနဲ႔ ခုန္ေပါက္ေပ်ာ္ပါးရင္း ညစ္ညဴးေနတဲ့စိတ္အစဥ္ကို ျပန္လည္လန္းဆန္းတက္ၾကြလာေစမွာ အမွန္ပါပဲ။ ပါတီအမ်ိဳးအစားေတြက မ်ိဳးစံု႐ွိတ့ဲအနက္မွ ဒီတစ္ပတ္မွာေတာ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ မ်က္ႏွာဖံုးပါတီအေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

အေနာက္ႏိုင္ငံမွာေတာ့ မ်က္ႏွာဖံုးစြပ္ျဖင့္ ပါတီတက္ျခင္းအေလ့အထက ေတာ္ေတာ္ေလး ေခတ္စားပါတယ္။ မ်က္ႏွာဖံုးပါတီဆိုၿပီး သီးသန္႔က်င္းပေလ့႐ွိပါတယ္။ ထိုပါတီက ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ အစျပဳခဲ့သလိုဆိုတာ စာဖတ္သူတို႔ သိပါသလား။

Source: royalcaribbean.com

၁၃ ရာစုႏွစ္ခန္႔က အထိမ္းအမွတ္ပြဲေတာ္မ်ား၊ မဂၤလာေဆာင္ ပြဲမ်ား၊ ဆန္းျပားတဲ့ ဝတ္စံုမ်ား ဝတ္ဆင္ၿပီး စီတန္းလွည့္လည္တဲ ကာနီဗယ္ပြဲေတာ္ေတြမွာ မ်က္ႏွာဖံုးတပ္ၿပီး ေပ်ာ္ရႊင္စရာမ်ား ဆင္ႏႊဲေလ့႐ွိၾကပါတယ္။ မ်က္ႏွာဖံုးပါတီပြဲဆိုတာ အယုတ္ အလတ္ အျမတ္မေရြး အဆင့္အတန္းမခြဲျခားဘဲ ကိုယ့္က ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတဲ့ လကၡဏာ၊ ဂုတ္အဆင့္အတန္းေတြကို ေမ့ထားၿပီး တက္ရတဲ့ ပါတီပြဲျဖစ္ပါတယ္။ တျဖည္းျဖည္းၾကာလာတဲ့အခါ ထိုမ်က္ႏွာဖံုးမ်ားက ပါတီပြဲအဆင္အယင္တစ္ခုအျဖစ္ တရားဝင္သတ္မွတ္လာခဲ့ၾကတာပါ။

တူတူပုန္း ပါတီလို႔လည္း အမည္ေခၚတြင္

Source: vigilantcitizen.com

အေရာင္ေတာက္ေတာက္နဲ႔ ရဲရင့္တဲ့ပံုသ႑ာန္ေဖာ္ေဆာင္တဲ့ မ်က္ႏွာဖံုးဒီဇိုင္းမ်ားက တျဖည္းျဖည္းနဲ႔ေခတ္စားလာခဲ့တာ ယေန႔အခ်ိန္ထိပါပဲ။ ႐ုပ္ဖ်က္ၿပီး ပါတီပြဲတက္မယ္၊ သူငယ္ခ်င္းေတြ တစ္ေယာက္နဲ႔တစ္ေယာက္ စေနာက္ၿပီး တူတူပုန္းတမ္းကစားလို႔ရတဲ့ ပါတီပြဲဆိုလည္း မမွားပါဘူး။

အီတလီႏိုင္ငံမွာ ဘယ္လိုက်င္းပေလ့႐ွိလဲ။

Source: brionprice.smugmug.com

အီတလီႏိုင္ငံမွာကေတာ့ Grand Carnival ပြဲေတာ္က်င္းပရာမွ မ်က္ႏွာဖံုးပါတီပြဲကေခတ္စားလာတာပါ။ တခ်ိဳ႕အမ်ိဳးသားေတြဆိုရင္ ကိုယ္ႏွစ္သက္တဲ့ အမ်ိဳးသမီးက ဘယ္မ်က္ႏွာဖံုးတပ္ထားသလဲဆိုတာ ေသခ်ာသိေအာင္ ျပဳလုပ္ၿပီးေနာက္ သူမထံက အနမ္းကို ခိုးယူေလ့႐ွိၾကပါတယ္။ ေခတ္စကားနဲ႔ ေျပာရရင္ေတာ့ ကိုယ့္ခရက္႐ွိဆီက အနမ္းပန္းတစ္ပြင့္ ေခြ်ယူတယ္ေပါ့။

မ်က္ႏွာဖံုး အမ်ိဳးအစား ဘယ္ႏွခု႐ွိပါသလဲ။

Bauta

Source: annastoursofitaly.com

Bauta လို႔ အမည္ရတဲ့ မ်က္ႏွာဖံုးကေတာ့ ေ႐ွးေခတ္တုန္းက ေခတ္စားခဲ့တဲ့ ႐ိုးရာမ်က္ႏွာဖံုးေလးပါ။ ဒီမ်က္ႏ်ာဖံုးက မ်က္လံုးႏွစ္ခုေနရာမွာပဲ အေပါက္ေဖာက္ထားၿပီး မ်က္ႏွာတစ္ခုလံုးဖံုးထားတဲ့ မ်က္ႏွာဖံုးပါ။ တခ်ိဳ႕မ်က္ႏွာဖံုးေတြမွာ ငွက္ေမႊးတစ္ေခ်ာင္းထိုးညွပ္ထားေလ့႐ွိပါတယ္။ ထိုငွက္ေမႊးၾကည့္ျခင္းအားျဖင့္ ကိုယ္က ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာ ေဖာ္ျပရာလည္း ေရာက္ပါတယ္။

Columbina

Source: blog.partypieces.co.uk

ဒီမ်က္ႏွာဖံုးေလးကေတာ့ မ်က္ႏွာတစ္ဝက္ပဲဖံုးထားတဲ့ မ်က္ႏွာေလးပါ။ ေရႊေရာင္၊ ေငြေရာင္၊ ေဘာ္ၾကယ္ (သို႔) သလင္းေက်ာက္ေလးေတြနဲ႔ အလွဆင္ထားေလ့႐ွိပါတယ္။ ဒီမ်က္ႏွာဖံုးကို စတင္တီထြင္ခဲ့တဲ့သူကေတာ့ ျပဇာတ္မင္းသမီးပဲျဖစ္ပါတယ္။ သူမက သူမရဲ႕လွပတဲ့မ်က္ႏွာတစ္ခုလံုးကို မဖံုးအုပ္ခ်င္တဲ့အတြက္ေၾကာင့္ Columbina မ်က္ႏွာဖံုးေလးကို စြပ္ထားၿပီး အေနာက္မွာ ဖဲျပားပံုသ႑ာန္ စည္းေႏွာင္ထားခဲ့ပါတယ္။ အျခားမ်က္ႏွာဖံုး အမ်ိဳးအစားေတြကေတာ့ Medico Della Peste ၊ Moretta နဲ႔ Volto တို႔ပဲျဖစ္ပါတယ္။