Mbappe…ကျွန်တော်တို့ရဲ့အားလုံးရဲ အမြင်အာရုံတွေကို ဆွဲဆောင်နေခဲ့သူ၊ ငယ်ရွယ်မှု၊ လျှင်မြန်မှုတွေပေါင်းစပ်ပြီး ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရရှိအောင် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့သူ၊ ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမား၊ စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ အသက် (၂၀) စွန်းစွန်းကစားသမားတစ်ယောက်ရဲ့ ငယ်ဘ၀လေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Source: kylianmbappe.com

Mbappe ကိုတော့ (၁၉၉၈) ခုနှစ်၊ ဒီဇင်ဘာ (၂၀) ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ ဇာတိကတော့ အီဖယ်မျှော်စင်ပုံရိပ်တွေ၊ ရှေ့ဟောင်းအဆောက်အဦးတွေနဲ့ လှပနေတဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ပဲဖြစ်ပါတယ်။ အဖေက ဘောလုံးနည်းပြတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် Mbappe လေးဟာ ဘောလုံးလောကနဲ့ အကျွမ်းတ၀င်ကြီးပြင်းခဲ့တာလည်းဖြစ်ပါတယ်။ သူရဲ့ အဖေဟာ ယခုအချိန်မှာ သူရဲ့ အေဂျင့်အဖြစ်နဲ့လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ အမေကတော့ Handball Player ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ညီဖြစ်သူဟာ ဘောလုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူကြီးပြင်ရှင်သန်လာခဲ့တဲ့ ငယ်ဘ၀တွေကတော့ မြက်ခင်စိမ်းအတွေးအမျှင်တွေအများအပြားပါဝင်လို့နေပါတယ်။

Source: kylianmbappe.com

သူငယ်စဉ်ကလေးစားအားကျရတဲ့ Idol ကတော့ ရော်နယ်ဒိုဖြစ်ပြီ၊ ပေါ်တူဂီကြယ်ပွင့်ရဲ့ကစားဟန်တွေကို ရူးသွပ်ခဲ့ရကြောင်း ၀န်ခံထားခဲ့တာလည်းဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကိုတော့ မိုနာကိုအသင်းနဲ့စတင်ခဲ့ပြီး ငယ်ရွယ်မှု၊ ပါရမီတွေကြောင့် နာမည်ရခဲ့ပါတယ်။ မကြာသေးမီနှစ်ကတော့ မြင့်မားလှတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ PSG အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ ရုရှားကမ္ဘာ့ဖလားမှာလည်း အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့တာာဖြစ်ပါတယ်။Mbappe တစ်ယောက် ဘယ်လိုအောင်မြင်မှုတွေ၊ စံချိန်တွေကို ချိုးဖောက်မလဲဆိုတာ တစ်ချက်စောင့်ကြည့်ရအောင်နော်….