ငရုတ်သီး၊ အပူအစပ်တွေက မိန်းကလေးတွေပဲ ကြိုက်နှစ်သက်စားတတ်ကြတာ မဟုတ်ပါဘူး။ တချို့သောအမျိုးသားတွေလည်း အပူအစပ်ကြိုက်တတ်ကြပါတယ်။ ပူပူစပ်စပ်အရသာရှိတဲ့ အစားအသောက်တွေကို တရှူးရှူးတရှဲရှဲနဲ့ စားတတ်ကြတာကလည်း ချစ်စရာကောင်းတဲ့ အမျိုးသားတွေရဲ့ စတိုင်တစ်ခုပဲဖြစ်ပါတယ်။

အစပ်အရသာ ဆလပ်ရွက်ကြက်ကင်

Source: Taste

စားသောက်ဆိုင်တွေရောက်တဲ့အခါမှာ ပူပူစပ်စပ်နဲ့ အရသာရှိတဲ့အစားအစာတစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် ဆလပ်ရွက်ကြက်ကင်အစပ်ကို ရွေးချယ်ပါလို့အကြံပေးပါရစေ။ ၄င်းဟင်းပွဲတစ်ခုမှာ ကယ်လစီယမ်-၄၃၀၊ မပြည့်ဝဆီ-၂၃ဂရမ်၊ အမျှင်ဒြပ်-၄ဂရမ်၊ သကြားဒြပ်-၁၁ဂရမ်နဲ့ ပရိုတိန်းဒြပ်-၃၆ဂရမ် ပါဝင်ပါတယ်။ အစပ်ကြိုက်တဲ့အမျိုးသားများအတွက် စားလို့လည်း အရသာရှိဗီတာမင်ဒြပ်မျိုးစုံနဲ့လည်း ကြွယ်ဝနေပါတယ်။

ငရုတ်သီးအနှစ်နဲ့ ချက်ပြုတ်ထားတဲ့ဆယ်လမွန်ငါး

Source: Simply Recipes

မဖြစ်မနေမှာယူစားသုံးကြည့်ရမယ့် ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ အဆိုပါဟင်းလျာထဲမှာ ကယ်လိုရီ-၆၃၀၊ မပြည့်ဝဆီ-၃၀ဂရမ်၊ အမျှင်ဓာတ်-၅ဂရမ်၊ သကြားဓာတ်-၅ဂရမ်နဲ့ ပရိုတိန်းဒြပ်-၄၈ဂရမ် ပါဝင်ပါတယ်။

သရက်သီး၊ ငရုတ်သီးနဲ့ ကြက်သား

Source: runnersworld.com

ကြက်သားကို သရက်သီးနဲ့ ငရုတ်သီးပေါင်းစပ်ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်ပါတယ်။ သရက်သီးမှည့်ရဲ့ ချိုမြိန်တဲ့အရသာ၊ ကြက်သားရဲ့နူးညံ့တဲ့အရသာ၊ ငရုတ်သီးရဲ့ပူပူစပ်စပ်အရသာတွေကို အကောင်းဆုံးစိတ်ကူးတွေနဲ့ပေါင်းစပ်ထားတဲ့ အဆိုပါဟင်းလျာဟာ သင့်ကိုအရမ်းနှစ်သက်စေပါလိမ့်မယ်။ ၄င်းဟင်းလျာမှာ ကယ်လိုရီ- ၄၉၀၊ မပြည့်ဝဆီ-၁၉ဂရမ်၊ အမျှင်ဓတ်-၇ဂရမ်၊ သကြားဒြပ်-၁၂ဂရမ်နဲ့ ပရိုတိန်းဒြပ်-၃၄ဂရမ်တို့ ပါဝင်ပါတယ်။