အရွယ်အပြောင်းအလဲကြောင့် သင့်အသက်နှစ်ဆယ်အရွယ်မှာ ခေတ်ရေစီးကြောင်းအလိုက် နောက်ဆုံးပေါ်ဖက်ရှင်တွေကိုဝယ်ဝတ်ပြီး စမ်းသပ်ကြည့်လို့ရပေမယ့် အသက်သုံးဆယ်အရွယ်မှာတော့ ကိုယ်နဲ့ဘယ်အရာတွေဟာလိုက်ဖက်လဲဆိုတာ အသေအချာသိဖို့လိုလာပါပြီ။

အသက်၂၀မှာ အမျိုးမျိုးပြောင်းလဲခဲ့တဲ့ စတိုင်တွေထဲမှာမှ ကိုယ့်အတွက်အဆင်ပြေမယ့် လူကြီးဆန်တဲ့ဖက်ရှင်ကို Adopt လုပ်တတ်ဖို့လိုလာပါပြီ။ သင့်ရဲ့အသက်သုံးဆယ်အရွယ်မှာဖြစ်သင့်တာက သင့်ဝတ်ချင်တဲ့ဖက်ရှင်အပေါ်မှာထားရှိတဲ့ စိတ်အားထက်သန်မှုအပြင် ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ရာကိုစတင်ပြီး List Down လုပ်သင့်ပြီလို့ထင်ပါတယ်။

ဒီလိုအသက်အရွယ်မှာ အိမ်ထောင်သည်အဖြစ် Status ချိန်းကောင်းချိန်းသွားနိုင်သလို လုပ်ငန်းခွင်ထဲမှာလည်း Senior Level လောက်ဖြစ်နေပြီဆိုတော့ သင့်ဘဝရဲ့အချိန်တိုင်းကို သင်မပိုင်တော့ပါဘူး။ အလုပ်အတွက်သော်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း အချိန်ပေးရတော့မယ်ဆိုတော့ နှစ်ဆယ်ကျော်အရွယ်တုန်းကလို ထွက်သမျှဖက်ရှင်တွေကို လိုက်ပြီးမဝယ်နိုင်တော့သလို ဘယ်ဟာကိုဝတ်မယ်ဆိုတာကို စိတ်တိုင်းကျရွေးချယ်ဖို့တောင်မဖြစ်နိုင်တော့ပါဘူး။

ဒီလိုအခြေအနေမျိုးတွေမှာဆို ကိုယ် List လုပ်ထားတဲ့အဝတ်အစားတွေကို Online ကပဲဝယ်ယူရတော့မှာဖြစ်လို့ ကိုယ့်အတွက် Decent ဖြစ်မယ့်အဝတ်အစားတွေ ကိုယ်နဲ့လိုက်မယ့်အရောင်တွေကို သိထားသင့်ပါတယ်။

လူလတ်အရွယ်လည်းရောက်လာပြီဆိုတော့ ကြည့်လိုက်တာနဲ့ Smart ကျဖို့လိုလာပါတယ်။ များများစားစား စဉ်းစားစရာမလိုပါဘူး။ Weekend မှာဆို Jeans အဖြူ၊ တီရှပ်ဗြောင် အပြင်နောက်ဆုံးပေါ် Trainers၊ အလုပ်ခွင်အတွက်ဆို Formal ဖြစ်မယ့် အဝတ်အစား၊ ဘယ်အချိန်ဖြစ်ဖြစ် အစည်းအဝေးပဲသွားသွား Clients နဲ့ပဲတွေ့တွေ့ Ready အနေအထားဖြစ်စေမယ့် Outfit မျိုးပဲလိုအပ်ပါတယ်။

နောက်ပြီးထပ်ဖြည့်ပြောချင်တာက တစ်ကိုယ်ရေသန့်ရှင်းမှုကို ဦးစားပေးရမှာပဲဖြစ်ပါတယ်။ ဆံပင်ပုံမှန် Trim လုပ်တာအပြင် အသားအရေကိုပိုမို ဂရုစိုက်လာသင့်ပါတယ်။

သင့်အသက် ၃၀ ပတ်လည်မှာ ဘယ် Brand ဘယ်အင်္ကျီအမျိုးအစားက သင့်အတွက်အသင့်တော်ဆုံးဖြစ်မလဲဆိုတာ သိထားသင့်ပါတယ်။ ကိုယ့် Lifestyle နဲ့ဆက်စပ်မယ့် အဝတ်အစားတွေကိုလည်း သိထားသင့်ပြီး သွားသွားလာလာဝတ်ဖို့ Casual Wear ကိုဆောင်ထားသင့်ပါတယ်။ ဒါ့အပြင် ရာသီအလိုက် အဝတ်အစားကို သတိထားပြီးရွေးချယ်မှုပြုပါ။ ကိုယ့်ရွယ်တူတွေထက် Standout ဖြစ်မယ့် ကိုယ်ပိုင်စတိုင်ရှိစေပါ။

Source: gq-magazine.co.uk