အသက်အရွယ်နဲ့မလိုက်အောင် စမတ်ကျတယ်ဆိုတဲ့ ချီးကျူးသံကိုခံရဖို့အတွက်ဆိုရင်တော့ ၄၀ ကျော်အရွယ်မှာကတည်းက ကိုယ်ပြင်ဆင်သင့်တာတွေကိုပြင်ဆင်ပြီး ၅၀ ကျော်အရွယ်မှာ ကိုယ့်စိတ်ကူးထဲမှာအသက်ကြီးရင် ဒီလိုနေမယ်ဆိုပြီးရွေးချယ်လိုက်တဲ့ Lifestyle နဲ့စတင် Adopt ဖြစ်အောင်ကျင့်ပြီးနေကြည့်ဖို့ လိုလာပါပြီ။

ဘယ်တော့မှ ကိုယ်ပိုင်စတိုင်မရှိဘဲ ဟိုဝတ်ဒီဝတ်မဖြစ်စေပါနဲ့တော့။ ဒီ ၅၀ ကျော်အရွယ်မှာထိန်းသိမ်းထားတဲ့ ခန္ဓာကိုယ်အချိုးအစား ၊ အနေအထိုင် ဝတ်စားဆင်ယင်မှုဟာ ကြီးတဲ့အထိ အကျင့်ပါသွားမှာမျိုးပါ။ ရှေ့မှီနောက်မှီ အရွယ်တစ်ခုလည်းရောက်လာပြီဆိုတော့ ကိုယ်ရဲ့ Senior တွေဘယ်လိုဝတ်ဆင်နေထိုင်သွားလာလဲဆိုတဲ့ အတွေ့အကြုံတွေလည်း ရပြီးသားသူတစ်ယောက်ဖြစ်လို့ ကိုယ်အတွက် ဘယ်လိုနေရင်လိုက်မယ်ဆိုတာကို ဆုံးဖြတ်ဖို့ပဲလိုပါတော့တယ်။

Source: gq-magazine.co.uk

ပထမဆုံး Rule အနေနဲ့သိဖို့ကတော့ အဝတ်အစားတွေဟာ Fit ဖြစ်ဖို့ပြီးကြည့်ကောင်းဖို့နဲ့ သက်သောင့်သက်သာရှိဖို့ပါပဲ။ ဒီအရွယ်မှာသတိထားသင့်တာတစ်ခုက Casual Wear တွေဝတ်တဲ့အခါမှာ အရွယ်နဲ့လိုက်အောင်ရွေးချယ်တတ်ဖို့ဟာ ခက်ခဲလာပါတယ်။ အလိုက်ဖက်ဆုံး အဝတ်အစားကတော့ Suit တွေပါပဲ။ ရေပန်းစားနေတဲ့ Brand တွေကနေလိုက်ပြီး ဝယ်ဝတ်နေမယ့်အစား ကိုယ်ချုပ်နေကျ အပ်ချုပ်ဆိုင်ဆီမှာပဲ Suit ကို ဒီဇိုင်းအမျိုးမျိုးနဲ့ချုပ်ဝတ်သင့်ပါတယ်။

ဝိုင်တွေဟာသက်တမ်းကြာမှ ကောင်းပြီး ဈေးကြီးလာသလို အသက်ရလာတဲ့အမျှ ကွာလတီမြင့်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ ကိုယ်ရဲ့ Personality ကိုမြှင့်ဖို့လိုပါတယ်။ အဝတ်အစားအပြင် ဖိနပ်ကိုဆက်ပြောရမယ်ဆိုရင်တော့ ၄၀ ကျော်လောက်မှာ Trainers ဟာအသုံးဝင်သေးပေမယ့် ၅၀ နောက်ပိုင်းရောက်လာတဲ့အခါ Shoes အမျိုးအစားအစုံကို ဝတ်ဆင်လာသင့်ပါတယ်။ ဥပမာပေးရရင် Boots ၊ Driving Shoes ၊ Deck Shoes ၊ Smart Espadrilles အစရှိတဲ့ ဖိနပ်ပုံစံမျိုးစုံခွဲခြားထားမယ်ဆို ပိုကောင်းပါတယ်။

Source: gq-magazine.co.uk

အသက် ၅၀ ပတ်လည်မှာ လိုအပ်တဲ့ Golden Rules တွေကို ဝေမျှပေးချင်ပါတယ်။

အရမ်းဖျော့ အရမ်းတောက်တဲ့အရောင်တွေထက် ငြိမ်ပြီး မှောင်တဲ့ဘက်သွားတဲ့ကာလာမျိုးကိုရွေးချယ်ပါ။

Suit ဒီဇိုင်းကိုအမြဲ Update လုပ်ပြီးနောက်ဆုံးခေတ်စားတဲ့ ဒီဇိုင်းမျိုးကိုချုပ်ဝတ်ပါ။

Fancy ကျတဲ့ Accessories တွေကိုမဖြစ်မနေဝယ်ဝတ်ပါ။

စိတ်ထဲမှာယူဆသင့်တာတစ်ခုက ကိုယ်ဟာကိုယ်ပါပဲ အသက်အရွယ်ရသွားပေမယ့် အမြဲ Smart ကျမှုကိုဦးစားပေးတတ်စေဖို့ပါပဲ။