အမျိုးသားအများစုဟာ အသက်ကြီးလာတာနဲ့အမျှ ငယ်သလိုထင်ရအောင်လုပ်ဖို့ကို အာရုံစိုက်လာကြပါတယ်။ အဲ့အရွယ်မှာဖြစ်တဲ့တတ်အမှားတော်တော်များများက ပိုက်ဆံကလည်းပြောစရာမလို ပင်စင်ယူလိုက်တော့ အချိန်တွေကလဲပေါလာတဲ့အခြေအနေဆိုတော့ Sports ကားတွေဝယ်စီး လူငယ်တွေနဲ့ပေါင်း ဆယ်ကျော်သက်လိုအဝတ်အစားတွေဝယ်ဝတ် တာဟာအဆိုးဆုံးပါပဲ။

ဒီအသက်အရွယ်မှ ပေါက်ကရတွေထလုပ်တာဟာ သူငယ်ပြန်သလိုပါပဲ။ လူဟာကိုယ်အသက်အရွယ်နဲ့ လုပ်သင့်တာကို အသက်အပိုင်းခြားနဲ့လုပ်တတ်ဖို့လိုပါတယ်။

Source: gq-magazine.co.uk

အသက်ကြီးလာတာနဲ့ ပျော်ပျော်နေတတ်ဖို့လိုလာပါတယ် ကိုယ့်အတွက်အချိန်ဟာအဖိုးတန်ပါတယ် ဒီလို Quality Time ကိုလုပ်ချင်တာလုပ်ပြီးကုန်ဆုံးမယ့်အစား ကိုယ်ငယ်ငယ်မလုပ်လိုက်ရတဲ့ ဝါသနာပါတာကိုလုပ်ပြီး ဝတ်ဆင်မှုကိုပါမက ဘဝကို စမတ်ကျကျကုန်ဆုံးလိုက်ပါ။ ကိုယ့်သားသမီးမြေးမြစ်တွေက ကိုယ်ရဲ့ Lifestyle ကိုသဘာကျပြီး နောက်ကလိုက်လုပ်အောင် အကျိုးရှိရှိရှင်သန်တတ်ဖို့လိုလာပါပြီ။

ပြောချင်တာကတော့ ကိုယ် ၅၀ ကျော်အရွယ်လောက်ကစထားတဲ့ အကျင့်တွေမပျောက်သွားဖို့ပါပဲ။ Smart ဖြစ်အောင်ဦးစားပေးရမည့်အခြေအနေမှာ ဝတ်စားတတ်ဖို့ပါပဲ Causal Wear ကိုဘယ်လိုဝတ်သင့်လဲဆိုတော့ Linen ဘောင်းဘီနဲ့ ခေါင်းစွတ်အင်္ကျီတွေကိုဝတ်ဆင်သင့်ပါတယ်။ ဒီလိုအသက်အရွယ်မှာ Smart ကျကျဝတ်ဆင်ကြတဲ့ မင်းသားကြီးတွေရဲ့ဖက်ရှင်ကိုအတုယူနိုင်ဖို့အတွက်အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Source: gq-magazine.co.uk

နောက်ပြီးလိုက်နာသင့်တဲ့ Golden Rules အချက်တွေနဲ့ ဘယ်အရာတွေကိုရှောင်သင့်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။

ကျန်းမာရေးကိုဦးစားပေးပြီး လေ့ကျင့်ခန်းကိုလုပ်ပါ။

Neutrals အရောင်တွေကိုဝတ်ဆင်ပါ။ (Soft Grey, Navy, Camel)

အပွင့်ပါတဲ့အင်္ကျီ Floral Pattern နဲ့အဝတ်အစားတွေကိုရှောင်ပါ။

လူငယ်အသွင်းဖြစ်မယ့် ဖက်ရှင် Hacks တွေကိုရှောင်ပါ။

ဆံပင်ကို အနည်းဆုံးကြည့်ကောင်းပြီး ထိပ်မပြောင်အောင်ထိန်းသိမ်းပါ။

ဒီလိုအချက်တွေကို သတိထားပြီး ကိုယ်ရည်ရွယ်ထားတဲ့ Lifestyle နဲ့နေထိုင်ပါ။