အမျိုးသားပရိသတ်တွေရဲ့ အသည်းနုလုံးကို အချိန်အတော်ကြာအောင်သိမ်းပိုက်ထားတဲ့ Pop အဆိုတော်မလေးတစ်ဦးအကြောင်းကို ပြောပြပေးချင်ပါတယ်။ အနုပညာအရည်အချင်းတွေနဲ့ပြည့်စုံပြီး ရုပ်ရည် ချောမောလှပမှုတွေကြောင့် အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိတ်သတ်တွေရဲ့ အားပေးမှုကိုရရှိ ထားတဲ့သူဖြစ်ပါတယ်။
Taylor Swift
Source: popsugar.com
နာမည်အပြည့်အစုံ Taylor Alison Swift လို့ခေါ်တွင်တဲ့ အမေရိကန် Pop Star အဆိုတော်မလေးတစ်ဦးဖြစ်ပါတယ်။ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် ကမ္ဘာကျော်သူဌေးမလေးတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်ရဲ့ထုတ်ပြန်မှုတွေအရ Taylor ဟာအမေရိကန်ဒေါ်လာသန်းပေါင်း ၂၈၀ခန့်ပိုင်ဆိုင်ထားတဲ့ အဆို တော်မလေးပဲဖြစ်ပါတယ်။ သူမဟာသီချင်းဆိုတဲ့အပြင် တေးသီချင်းတွေကိုလည်းကိုယ်တိုင်ရေးစပ်ပြီး ၊ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။
တူရိယာတွေနဲ့ Taylor Swift
Source: popsugar.com
ချစ်စရာအဆိုတော်မလေးရဲ့ အနုပညာအရည်အသွေးတွေက မနည်းလှပါဘူး။ အနုပညာပါရမီအပြည့်ရှိတဲ့ Taylor ဟာဂီတာ၊ ဘင်ဂျိုနဲ့စန္ဒယားတို့ကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သူတစ်ဦးဖြစ်ပါတယ်။
ပရဟိတစိတ်ထား
Source: Integrity Garage Doors
ကမ္ဘာကျော် Pop အဆိုတော်မလေး Taylor Swift ဟာအနုပညာမှာ တင်ထူးချွန်တာမဟုတ်ပါဘူး။ သူမရဲ့ပရဟိတစိတ်ထားလေးကလည်း ပရိသတ်အတွက် ချစ်စဖွယ်ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလက မိဘမဲ့ကလေး ၂၀၀၀ကို အခမဲ့ဖျော်ဖြေပေးခဲ့ပါသေးတယ်။
လတ်တလောအနုပညာလှုပ်ရှားမှု
Source: Taylor Swift Switzerland
Taylor Swift ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ Cats လို့အမည်ရတဲ့ ဂီတဇတ်မြူးရုပ်ရှင်မှာ Taylor ကအဓိကဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။