နွေရာသီလည်းရောက်ပြီဆိုတော့ ကမ်းခြေတို့ ရေကူးကန်တို့သွားရင် ဘယ်လိုအဝတ်အစားတွေ ရွေးချယ်သင့်သလဲဆိုတာကိုပြောပြချင်ပါတယ်။ ပါတီတွေသွားမယ်ဆို ထူးထူးဆန်းဆန်း ကြောင်တောင်တောင် မဖြစ်အောင် အဝတ်အစားကို သူ့နေရာနဲ့လိုက်ဖက်စွာဝတ်ဆင် သင့်ပါတယ်။

Source: Shutterstock

ဒီလိုမှမဟုတ်ရင် သင်ဟာ ပါတီနဲ့မအပ်စပ်သလိုဖြစ်နေမှာပါ။ အဖော်မပါပဲသွားရတဲ့ ပါတီမျိုးဆို ပိုဆိုးတာပေါ့။ ကမ်းခြေမှာ လုပ်တဲ့ပါတီမျိုးတွေ သွားရင် မလိုတဲ့ဟာတွေယူမသွားသင့်ပါဘူး။ ဥပမာ စတိုင်ကျအောင်ဆိုပြီး ရောင်စုံပါတဲ့ Beach သွားရင်ထည့်ယူလေ့ရှိတဲ့ အိတ်မျိုးတွေမလိုပါဘူး။

Source: Shutterstock

ပုံမှန်ရေကူးဖို့သွားမယ်ဆိုရင်တော့ အိတ်ထဲမှာ လိုအပ်တဲ့ပစ္စည်းတွေထည့်သွားဖို့ သယ်သွားသင့်တာပေါ့ သို့ပေမဲ့ ပါတီကျတော့ကော ရည်ရွယ်ချက်ကမတူတော့ပါဘူး။ အဲ့ဒါကြောင့် နေရာတစ်ခုသွားရင်တောင် မတူညီတဲ့ အခြေအနေတွေဆို အဝတ်အစားကို ပုံသေတွက်လို့မရပါဘူး။ ကဲဒီလို အခြေအနေမျိုးတွေဆို ဘယ်လိုလုပ်မလဲ ရှင်းပါတယ်။

Source: Shutterstock

Basic ကျတဲ့ကမ်းခြေသွားတဲ့ အပွင့် Shirt တွေနဲ့ mirror-lens sunglasses တော့လိုပါတယ်။ အပေါ်ကပြောခဲ့တဲ့အတိုင်း Basic မဟုတ်ပဲ Trendy ဖြစ်ချင်ရင်တော့ ဝတ်သင့်တာကတော့ Chino အတို နဲ့ Tank Tops ပါပဲ နောက်ပြီး Sandal ကိုတွဲဝတ်သင့်ပါတယ်။ဝတ်စုံပြည့်ဝတ်ပြီးပြီဆိုရင်တော့ Accessory အနေနဲ့ဆိုရင်တော့ Straw Hat နဲ့ Shades ပဲလိုပါတယ်။ ဒီလောက်ဆိုရင်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ ပါတီမှာ ပါဝင်လို့ရပါပြီ။