နှစ်တွေဘယ်လောက် ပြောင်းပြောင်း Sneakers တွေဟာ ကမ္ဘာနဲ့အဝှမ်းအမြဲ Trend ဖြစ်ပြီး လူကြိုက်များတဲ့ဖိနပ်တွေလို့လည်း ပြောလို့ရပါတယ်။ Footwear တွေထဲမှာမှ အမျိုးသားအများစု Crazy အဖြစ်ဆုံးဖိနပ်လို့ ပြောရရင်လည်းမမှားပါဘူး။ ဘာလို့လဲဆိုတော့ Sneakers တွေဟာ ဒီဇိုင်းကာလာအရဆိုလည်း အရောင်လည်းစုံ ဒီဇိုင်းလည်းစုံတယ့်အပြင် ဘယ် Outfit စတိုင်မျိုးနဲ့မဆိုလည်းလိုက်ဖက်လို့ပါ။

Source: The Idle Man

Sportswear တွေကအစ Streetwear တွေအထိ စိတ်ကြိုက်တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။ Street Style ပဲဝတ်ဝတ် Beach Style ပဲဝတ်ဝတ် Stylish ဖြစ်အောင်ပံ့ပိုးပေးနိုင်တဲ့ Sneakers ဒီဇိုင်းမျိုးစုံရှိပါတယ်။ ဘယ်လို Outfit ကိုပဲရွေးဝတ်ဝတ် သင့်ဖန်တီးသမျှ ကိုယ်ပိုင်စတိုင်ဟာ Sneakers တွေနဲ့တွဲဝတ်လိုက်တဲ့အခါပိုပြီး Stylish ဖြစ်စေမှာပါ။

Source: The Idle Man

အရင်ကခေတ်စားခဲ့တဲ့ Sneakers ကနေအခု Trendy ဖြစ်နေတဲ့ အမျိုးအစားအနည်းငယ်ကို ပြောပြပေးချင်ပါတယ်။ ဘာတွေလဲဆိုရင် High Tops ၊ Low Tops ၊ Fabric နဲ့ Leather ဆိုပြီးအမျိုးအစားတွေ ကွဲပြားပါတယ်။  Formal Style ဆို High Tops အမျိုးအစားနဲ့ လိုက်ဖက်ပြီး Cool Student Look မျိုးရချင်ရင်တော့ Low Tops တွေစီးနိုင်ပါတယ်။ Swag အထာမျိုးကြိုက်ရင်တော့ Bold ဖြစ်တဲ့အရောင်တွေ ရွေးချယ်စီ်းပါ။ Business Casual အတွက်ဆိုရင် Sneaker အဖြူတွေကအကောင်းဆုံးပါ။ Fabric ကတော့ ခုနောက်ပိုင်းပေါ်တဲ့ Sneaker အမျိုးအစားပါ Sporty & Funky Look ကိုရချင်စီးနိုင်ပါတယ်။ ဒီ Tips တွေကိုဖတ်ကြည့်ပြီး Sneakers နဲ့လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုတွေအတွက် ရွေးချယ်နိုင်မယ်လို့မျှော်လင့်ပါတယ်။