တက်တူးတွေဟာ ဒီနေ့ခေတ်မှာ ဘယ်လောက်ဝင်ဆံ့ခဲ့သလဲဆိုရင်တော့ ပွဲတက်ဝတ်စုံတွေနဲ့တောင် တွဲဝတ်နေကြပါပြီ။ Classic ဖြစ်တဲ့ အဝတ်အစားတွေ ဘယ်လောက်လိုက်ဖက်လဲဆိုတာကို ပြသလိုက်တဲ့ နာမည်ကြီး အမျိုးသားတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Ryan Gosling

Source: esquire.com

Ryan Gosling ကတော့ တထောင်ဆစ် Joint နားမှာ သူ့သမီး Esme ရဲ့လက်ရာကို တင်တူးပြန်ထိုးထားတာဖြစ်ပါတယ်။ သူဝတ်ထားတဲ့ Formal ပုံစံနဲ့ တက်တူးဟာ အလွန်လိုက်ဖက်နေတာကိုတွေ့ရပါတယ်။

Tom Hardy

Source: esquire.com

ရင်အုံမှာတက်တူးပြည့်နဲ့ Tom Hardy ဆိုတဲ့ ဘဲကြီးလည်း Shirt အင်္ကျီအဖြူ နဲ့ Style pant အနက်ကသူ့ တက်တူးတွေနဲ့ ဘယ်လောက်လိုက်ဖက်ကြောင်းသက်သေပြခဲ့ပါတယ်။

Nick Wooster

Source: esquire.com

Nick Wooster ဟာလည်း သူ့ရဲ့လက်အပြည့်မှာထိုးထားတဲ့တက်တူးတွေကြောင့် ရိုးရိုးတီရှပ် အဖြူ နဲ့တောင် တော်တော်လေးဂေါ်နေပါပြီ။ အသက်သာကြီးနေတာ လုံးဝ Smart ပါပဲ။

Kanye West

Source: esquire.com

ဖက်ရှင်ကိုအမြဲဦးစားပေးတဲ့ Rapper တစ်ဦးပါ။ သူ့ကိုမကြိုက်ကြပေမဲ့ ဖက်ရှင်နဲ့ပတ်သက်ရင်တော့ မဖြစ်မနေ Stalk လုပ်သင့်တဲ့သူဆိုရင်လည်း မမှားပါဘူး။ သူ့လက်ဖျံမှာ ထိုးထားတဲ့တက်တူးတွေနဲ့ ဆန်းသစ်လှတဲ့ဖက်ရှင်ဒီဇိုင်းတွေနဲ့ အမြဲဆွဲဆောင်သူပါ။

Marc Jacobs

Source: esquire.com

Marc Jacobs ကတော့ နာမည်ကြီးဒီဇိုင်နာ တစ်ဦးပါ။ သူဟာလည်းဖက်ရှင်လောကမှာ တဖက်ကမ်းခပ်သူဖြစ်ပြီး တက်တူးကို ခုံမင်သူတစ်ယောက်ပါ။ ဒီဇိုင်နာလို့ပြောစရာမလိုအောင် သူဝတ်တဲ့အဝတ်အစားနဲ့ ထိုးထားတဲ့တက်တူးတွေကို လိုက်ဖက်စေသူပါ။

Jack O’Connell

Source: esquire.com

Jack O’Connell ကတော့ သူ့နာမည်ပါတဲ့ Jack The Lad ဆိုတဲ့ စားသားကို ထိုးထားတာပဲဖြစ်ပါတယ်။ သူ့တက်တူးတွေ ပိုအသက်ဝင်စေမည့် သိုးမွေးထိုးထားတဲ့အင်္ကျီကို ဝတ်ဆင်ပြီး သက်သေပြလိုက်ပါတယ်။

David Beckham

Source: esquire.com

Beckham ကတော့ပြောစရာမလိုအောင် အထာကျတဲ့ သူပဲဖြစ်ပါတယ်။ သူ့ရဲ့Suit နဲ့ လက်ဖမိုးပေါ်မှာထိုးထားတဲ့ တက်တူးဟာ အတော်လေးလိုက်ဖက်ပြီး တက်ကြွတဲ့ အားကစားသမားတယောက် ရဲ့ဟန်ပန်ကိုပေါ်လွင်စေပါတယ်။