ဖက်ရှင်တွေဟာ တစ်ဖက်မှာလည်း Upgrade ဖြစ်ပြီးကောင်းမွန်လာသလို အခြားတစ်ဖက်မှာလည်း တီထွင်ဆန်းသစ်မှုတွေက ဆိုးရွားလာပါတယ်။ ပြောင်းလဲနေတဲ့ ဖက်ရှင် Trend တွေအပေါ် လူတိုင်းလည်းလိုက်မဝတ်နိုင်ပေမယ့် ဖက်ရှင်လောကထဲမှာတော့ အသစ်အဆန်းဒီဇိုင်းတွေက တစ်နေ့တစ်မျိုးမရိုးရအောင်ထွက်နေပါတယ်။ Men Wear တွေထဲမှာမှ အဆိုးဆုံး Latest ဖက်ရှင်တစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။ ဒီလို Bold ဖြစ်တဲ့ဖက်ရှင် ဒါမှမဟုတ် အဝတ်အစားဒီဇိုင်းကို ဘာလို့ဖန်တီးကြလဲဆိုတာတော့ စာဖတ်ပရိသတ်တွေပဲ ဆုံးဖြတ်ပေးပါတော့…

တီရှပ်ကို ဂါဝန်ပုံစံအရှည်နဲ့ဆို Men Wear လို့ခေါ်နိုင်သေးရဲ့လား။

Source: buzzfeed.com

Jacket ကို ဘယ်ခန္ဓာကိုယ်အတိုင်းအထွာနဲ့ ချုပ်လို့ ဒီလိုပုံပျက်ပန်းပျက်တွေ ထွက်လာရတာလဲ။

 

Source: buzzfeed.com

Tin Foil လိုလို အိုးကပ် Tape တွေလိုမျိုး ငွေရောင်နဲ့ အင်္ကျီကိုထွင်ဖို့ ဘယ်ဒီဇိုင်းနာက အကြံဥာဏ်များရသွားသလဲ။

ဘယ်အမျိုးသားကမှ ခြုံစောင်လိုမျိုးအထပ်ထပ် Sweater ကိုလိုချင်မှာ မဟုတ်ပါဘူး။ ကွီးတို့ဆိုရင်ကော…

 

Source: buzzfeed.com

တွေ့ဖူးသမျှထဲမှာ အဆိုးဆုံး Overcoat ပါ။

ဒီလိုမျိုး ဘောင်းဘီရဲ့ သုံးပုံ ၂ပုံလောက်က မဝယ်ခင်ကတည်းကပြဲနေရင်ကော လိုချင်ပါ့မလား။

Source: buzzfeed.com

နောက်ဆုံးပေါ်ဒီဇိုင်းမို့ ကြွက်ကိုက်ထားသလို အပေါက်ပေါက်တွေနဲ့ဆိုရင်ကော ဈေးကြီးပေးဝယ်ကြမလား။

Source: buzzfeed.com

အရင်တုန်းကတော့ တွေ့ဖူးပါတယ် Tee ရှပ်ကို ဆေးစွန်းသလိုပုံစံထွင်ပြီးထုပ်ကြတာ သို့ပေမယ့် သွေးစက်တွေစွန်းသလို ဒီဇိုင်းထွင်ထားရင်ကော လိုချင်ပါ့မလား။

ဂျင်းဘောင်းဘီကို ရေဆင်းကူးရင်ဝတ်တဲ့ ဖိနပ်လိုမျိုးအရှည်ကြီးလုပ်ရတာ ဘာအတွက်ပါလိမ့်။ သင်ဘယ်လောက်ပဲ အရပ်ရှည်တယ်ပြောပြော ဒီဘောင်းဘီက သင့်ထက်ရှည်ျနိုင်ပါတယ်။

Source: buzzfeed.com

ဒီလိုဘောင်းဘီကိုဝတ်ပြီး လူအပြင်ထွက်ခိုင်းမယ်တာဟာ ကျွန်တော်တို့ယောက်ျားလေးတွေအတွက် အဆိုးဆုံး Nightmare ပဲဖြစ်မှာပါ။

နောက်ဆုံးတစ်ခုက ကျွန်တော်တို့လည်းမြင်ဖူးနေကြဖြစ်ပြီး Fake Tattoo Sleeve လို့ခေါ်တဲ့ လက်မှာစွတ်ရတဲ့ အသားကပ်တက်တူးအစွပ်အတုပါ။ အရောင်တွေနဲ့ဆိုတော့ တက်တူးအစစ်လဲမဟုတ်တော့ ကြည့်ရတာ အမြင်တော်တော်ဆိုးပါတယ်။