နွေရာသီမှာ ဘယ်လိုဖက်ရှင် Tips တွေက ရေပန်းစားနေသလဲဆိုတာကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။ မိုးမရောက်ခင် ဒီလိုနွေမှာ ဘာဖက်ရှင်တွေက နိုင်ငံတကာဖက်ရှင်လောကမှာ Trend ဖြစ်နေလည်းဆိုတာ ကို လေ့လာထားဖို့တော့လိုပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ ဖက်ရှင်ကဒီနေ့ခေတ်မှာ အရေးပါတဲ့ ကဏ္ဍမှာပါဝင်နေလို့ပါပဲ။

Source: gq.com

အရောင်နဲ့ပတ်သတ်ပြီးစပြောရပါလိမ့်မယ် ပူအိုက်တဲ့ရာသီဆိုတော့ ပေါ့ပါးပြီးမျက်စိအေးတဲ့အရောင်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒီလိုပါပဲ နိုင်ငံတကာကဒီဇိုင်းနာတွေကြားမှာလည်း အဖြူရောင်မကျ အသားရောင်မကျ ကာလာကခုနွေရာသီဖက်ရှင်အနေနဲ့ သင့်တော်ဆုံးလို့သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။ Sun-Friendly ဖြစ်ပြီး ဘယ်လိုအသားအရောင်မျိုးနဲ့မဆိုလိုက်ဖက်ပါတယ်။Suit အနေနဲ့ချုပ်ဝတ်မယ်ဆိုရင်တောင် အတော်လေးအဆင်ပြေတဲ့ အရောင်ဖြစ်ပါတယ်။

Source: gq.com

နောက်ထပ် Trend ဖြစ်လာတာကတော့ Patterns လို့ပြောလို့ရပါတယ်။ နိုင်ငံတကာလုပ်တဲ့ အပတ်စဉ်ဖက်ရှင်ပွဲတွေမှာ ဒေါင်လိုက်အစင်းတွေက နွေဖက်ရှင်အဖြစ် ခေတ်စားလာပါတယ်။   အစင်းကတော့ရောင်စုံပါပဲ သဘောတရားက အဖျော့နဲ့အရင့်ကာလတွေကိုရောထားတာမျိုးဖြစ်ပါတယ်။ အဲ့လို Stripe တွေကို Deckchair Prints လို့လည်းခေါ်ပါတယ်။

Source: gq.com

အပေါ်မှာပြောခဲ့သလိုပါပဲ အရောင်အနုတွေဟာနွေမှာပဲဝတ်လို့ သင့်တော်တာမျိုးပါ အဲ့ဒီအထဲမှာမှ ပန်းရောင်ကလည်း ရေပန်းစားလာပါတယ်။ Gender ခွဲခြားပြီးပြောရရင်တော့ ပန်းရောင်ဟာမိန်းကလေးတွေ အဝတ်များတာလို့ပြောလို့ရပါတယ်။ သို့ပေမယ့် အရောင်တွေမှာ Label ဆိုတာမရှိပါဘူး။ နွေရာသီဖက်ရှင် Runway မော်ဒယ်တွေဆို Suit နဲ့ ပန်းရောင်တီရှပ်နဲ့တွဲဝတ်ပြသွားပါတယ်။ ပန်းရောင်ဟာ နာမည်ကြီး Brand တွေကလည်း ပန်းရောင်နဲ့ပတ်သတ်ပြီးထုပ်လာကြလို့ နောက်ပိုင်းလည်း ယောက်ျားလေးဖက်ရှင်လောကမှာ နေရာတစ်နေရာရလာမှာအသေအချာပါ။

Source: gq.com

နောက်ဆုံးတစ်ခုကပြောစရာမလိုပါဘူး Sunglasses ပါ။ နေဒဏ်ကာကွယ်ပြီးစတိုင်ကျနေအောင်ဆောင်ထားသင့်တာမျိုးပါ။  ဘယ်လို Shades တွေဝတ်သင့်လဲဆိုတော့ Rounded Shape လို့ခေါ်တဲ့ အဝိုင်းပုံစံမျိုးရယ် Half Frames ဒီဇိုင်းရယ် နောက်ပြီး Retro ပုံစံမျိုးတွေကို ရွေးချယ်သင့်ပါတယ်။ အခုလိုနွေရာသီဖက်ရှင် Tips တွေနဲ့မိုးမရောက်ခင် လန်းနိုင်ပါစေ။