[Zawgyi]

ဘာစီလုိနာအသင္းေခါင္းေဆာင္ လီယြန္နယ္မက္ဆီက ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္မွာ ၎နဲ႔ ၎ရဲ႕ဖခင္တုိ႔ အခြန္ေရွာင္တိမ္းမႈနဲ႔ တရားစြဲဆုိခံခဲ့ရၿပီးေနာက္ ဘာစီလိုနာအသင္းကို စြန္႔ခြာလုနီးပါးျဖစ္ခဲ့တယ္လုိ႔ RAC1 နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဘလြန္းဒီေအာ္ ၅ ဆုရွင္ မက္ဆီဟာ ပံုရိပ္အသံုးျပဳခြင့္ကေန ရရွိခဲ့တဲ့ ဝင္ေငြကို ဖုံုးကြယ္ႏုိင္ဖို႔အတြက္ ဘီလိုက္နဲ႔ ဥရုေဂြးႏုိင္ငံေတြမွာ အခြန္ကို အသံုးျပဳခဲ့ၿပီး ၂၀၀၇ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္ၾကား ယူရို ၄.၁ သန္းကို တရားမဝင္ရယူခဲ့တယ္လုိ႔ စြပ္စြဲခံခဲ့ရတာျဖစ္ပါတယ္။

Source: globalvillagespace

မက္ဆီဟာ ေနာက္ဆံုးမွာေတာ့ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီး ေထာင္ဒဏ္ ၂၁ လနဲ႔ ယူရို ၂ သန္းေငြဒဏ္ ခ်မွတ္ခံခဲ့ရပါတယ္။ မက္ဆီရဲ႕ ေထာင္ဒဏ္ခ်မွတ္ခံရမႈကိုေတာ့ ၂၀၁၇ ခုႏွစ္ ဇူလုိင္လမွာ ေငြဒဏ္ ယူရို ၂၅၂၀၀၀ ေပးေဆာင္ဖုိ႔ ျပစ္ဒဏ္ေျပာင္းလဲခ်မွတ္ခဲ့တာျဖစ္ပါတယ္။မက္ဆီရဲ႕ ဖခင္ျဖစ္သူ ေဂ်ာ့ဂ်္ကလည္း မက္ဆီနဲ႔အလားတူ ေထာင္ဒဏ္ ၁၅ လ နဲ႔ ယူရို ၁.၅ သန္း ခ်မွတ္ခံခဲ့ရၿပီး အယူခံဝင္ၿပီးေနာက္မွာ ေထာင္ဒဏ္ကို ေလွ်ာ့ေပါ့ေပးခဲ့တာျဖစ္ပါတယ္။ မက္ဆီက လက္ရွိအခ်ိန္မွာေတာ့ တရားစြဲဆုိမႈေတြ စတင္ျပဳလုပ္ခံခဲ့ရတဲ့အခ်ိန္မွာ စပိန္ကေန ထြက္ခြာလိုခဲ့ၿပီး ေခၚယူလိုတဲ့အသင္းေပါင္းမ်ားစြာနဲ႔ ေျပာဆုိမႈေတြ ျပဳလုပ္ခဲ့တယ္လုိ႔ ုဝန္ခံေျပာၾကားခဲ့ပါတယ္။

“အဲဒီအခ်ိန္မွာ ဒီေနရာကေန ထြက္ခြာဖို႔ပဲ ကၽြန္ေတာ့္စိတ္ထဲမွာ ရွိခဲ့ပါတယ္။ ဘာစီလုိနာကေန ထြက္ခြာဖို႔မဟုတ္ပါဘူး။ စပိန္ကေန ထြက္ခြာဖုိ႔ပါ”

Source: Fox Sports

“ကၽြန္ေတာ္ မမွ်မတဆက္ဆံခံခဲ့ရတယ္လုိ႔ ခံစားခဲ့ရၿပီး ဒီေနရာမွာ ေနာက္ထပ္ဆက္ၿပီး ရွိမေနခ်င္ေတာ့ပါဘူး”

“အသင္းေပါင္းမ်ားစြာရဲ႕ တံခါးဖြင့္ႀကိဳဆုိမႈေတြရခဲ့ေပမယ့္ တရားဝင္ကမ္းလွမ္းမႈမ်ိဳးေတာ့ ဘယ္တုန္းကမွ မရခဲ့ပါဘူး။ ဘာလို႔လဲဆုိေတာ့ ကၽြန္ေတာ့္ရဲ႕အရင္ကတည္းက ဆႏၵက ဘာစီလိုနာမွာ ေရွ႕ဆက္ဖုိ႔ဆုိတာ အားလံုးက သိေနခဲ့ၾကလုိ႔ပါ”လုိ႔ RAC1 ကို ေျပာၾကားခဲ့ပါတယ္။

[Unicode]

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ၎င်းနဲ့ ၎င်းရဲ့ဖခင်တို့ အခွန်ရှောင်တိမ်းမှုနဲ့ တရားစွဲဆိုခံခဲ့ရပြီးနောက် ဘာစီလိုနာအသင်းကို စွန့်ခွာလုနီးပါးဖြစ်ခဲ့တယ်လို့ RAC1 နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘလွန်းဒီအော် ၅ ဆုရှင် မက်ဆီဟာ ပုံရိပ်အသုံးပြုခွင့်ကနေ ရရှိခဲ့တဲ့ ဝင်ငွေကို ဖုံးကွယ်နိုင်ဖို့အတွက် ဘီလိုက်နဲ့ ဥရုဂွေးနိုင်ငံတွေမှာ အခွန်ကို အသုံးပြုခဲ့ပြီး ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ကြား ယူရို ၄.၁ သန်းကို တရားမဝင်ရယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

Source: globalvillagespace

မက်ဆီဟာ နောက်ဆုံးမှာတော့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၂၁ လနဲ့ ယူရို ၂ သန်းငွေဒဏ် ချမှတ်ခံခဲ့ရပါတယ်။ မက်ဆီရဲ့ ထောင်ဒဏ်ချမှတ်ခံရမှုကိုတော့ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ငွေဒဏ် ယူရို ၂၅၂၀၀၀ ပေးဆောင်ဖို့ ပြစ်ဒဏ်ပြောင်းလဲချမှတ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့ဂျ်ကလည်း မက်ဆီနဲ့အလားတူ ထောင်ဒဏ် ၁၅ လ နဲ့ ယူရို ၁.၅ သန်း ချမှတ်ခံခဲ့ရပြီး အယူခံဝင်ပြီးနောက်မှာ ထောင်ဒဏ်ကို လျှော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီက လက်ရှိအချိန်မှာတော့ တရားစွဲဆိုမှုတွေ စတင်ပြုလုပ်ခံခဲ့ရတဲ့အချိန်မှာ စပိန်ကနေ ထွက်ခွာလိုခဲ့ပြီး ခေါ်ယူလိုတဲ့အသင်းပေါင်းများစွာနဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ုဝန်ခံပြောကြားခဲ့ပါတယ်။

“အဲဒီအချိန်မှာ ဒီနေရာကနေ ထွက်ခွာဖို့ပဲ ကျွန်တော့်စိတ်ထဲမှာ ရှိခဲ့ပါတယ်။ ဘာစီလိုနာကနေ ထွက်ခွာဖို့မဟုတ်ပါဘူး။ စပိန်ကနေ ထွက်ခွာဖို့ပါ”

Source: Fox Sports

“ကျွန်တော် မမျှမတဆက်ဆံခံခဲ့ရတယ်လို့ ခံစားခဲ့ရပြီး ဒီနေရာမှာ နောက်ထပ်ဆက်ပြီး ရှိမနေချင်တော့ပါဘူး”

“အသင်းပေါင်းများစွာရဲ့ တံခါးဖွင့်ကြိုဆိုမှုတွေရခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းမှုမျိုးတော့ ဘယ်တုန်းကမှ မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့အရင်ကတည်းက ဆန္ဒက ဘာစီလိုနာမှာ ရှေ့ဆက်ဖို့ဆိုတာ အားလုံးက သိနေခဲ့ကြလို့ပါ”လို့ RAC1 ကို ပြောကြားခဲ့ပါတယ်။