ခန္ဓာကိုယ်ကျစ်လစ်တောင့်တင်းတဲ့ စတိုင်ကျကျယောက်ျားတွေကြားမှာ ကိုယ်က ၀တုတ်ဗိုက်ပူတစ်ယောက် ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ချစ်သူကောင်မလေးက မကြာခင်မှာနှုတ်ဆက်သွားနိုင်ပါတယ်။ အောက်ပါအချက်တွေကို အချိန်မှီလိုက်နာပြီး သင့်ကောင်မလေးရဲ့ချစ်ခင်မှုတွေကို ထိန်းသိမ်းထားလိုက်ပါ။

စက်ဘီးစီးပါ

Source: Beauty & Health Tips

အားလပ်ရက်တွေမှာ ခရီးထွက်အပန်းဖြေတဲ့အနေနဲ့ စက်ဘီးစီးလိုက်ပါ။ စိတ်လည်းအပန်းပြေ၊ ခန္ဓာကိုယ်ကြွက်သားတွေလည်း တောင့်တင်းခိုင်မာ၊ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပေါ့။

ဗီတာမင်ဒီဆေးပြားတွေ

Source: Freeda Vitamins

အ၀ါရောင်ဗီတာမင်ဒီဆေးပြားလေးတွေကို ဆောင်ထားလိုက်ပါ။ ဗီတာမင်ဒီဟာ ခန္ဓာကိုယ်ထဲက အဆီတွေကိုလျော့ချပေးနိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းတော့ အလွန်အကျွံမသောက်သုံးသင့်ပါဘူး။

သရေစာတွေကိုငြင်းဆန်ပါ

Source: Care24

ညနေ ၃နာရီနောက်ပိုင်း သရေစာလုံးဝမစားပါနဲ့။ ညပိုင်းမှာသရေစာတွေစားခြင်းက ခန္ဓာကိုယ်ထဲကိုအဆီတွေခေါ်သွင်းသလိုပါပဲ။

နေ့ခင်းဘက်တွေလန်းဆန်းပါစေ

Source: Universal Supplements

လုံးဝရှောင်ကြဉ်သင့်တဲ့ အချက်တစ်ချက်ကတော့ နေ့ခင်းဘက်တရေးအိပ်ခြင်းပါပဲ။ နေ့လည်စာစားပြီးချိန်မှာ လူတွေဟာငိုက်မြည်းတတ်ပါတယ်။ ဒါကိုမရှောင်နိုင်ဘဲ တစ်ရေးအိပ်လိုက်မယ်ဆိုရင်တော့ အဆီပိုတွေဟာ ခန္ဓာကိုယ်ထဲမှာပဲ အခြေချနေထိုင်သွားပါလိမ့်မယ်။