ဆံပင်ကေ အမျိုးမျိုးခေတ်စားသလိုပါပဲ။ တက်တူးတွေဟာလည်း ပုရိသတို့အတွက် ယနေ့ခေတ် Urban Style ဆိုတဲ့ခေါင်းစဉ်အောက်မှာ မပါမဖြစ်ဝင်လာပါတယ်။ သတိထားမိကြလားတော့ မသိဘူး ဒီနေ့ခေတ်မှာ တက်တူးအကြီးတွေထက် အသေးလေးတွေကပိုခေတ်စားလာတာကို တွေ့ရပါတယ်။ မြန်မြန်ဆန်ဆန် သေးသေးကွေးကွေးနဲ့ အနာသက်သာတဲ့အပြင်ရိုးရှင်းပြီးကြည့်ကောင်းပါတယ်။

Source: gq.com

အထိုးများကြတာကတော့ ဓားအသေးစားလေးတွေ အရိုးခေါင်းအသေးစားလေးတွေ အပြင်ထန်းပင်ပုံအသေးလေးတွေပါ။ ကမ္ဘာကျော် Cele တွေဖြစ်တဲ့ JB တို့ Zayn တို့တောင် Micro Tatt တွေကိုပိုပြီးထိုးလာကြပါတယ်။ တက်တူးထိုးဖို့ စိတ်ဝင်စားတဲ့သူဆိုရင်တော့ Pinterest မှာ ပုံတွေပိုစုံတဲ့အတွက် Inspire ယူပြီးထိုးနိုင်ပါတယ်။ ငှက်လေးတွေ ပန်းလေးတွေအပြင် မြှား အစရှိတဲ့ပုံမျိုးစုံကို Micro Tat အနေနဲ့ထိုးကြပါတယ်။ ယောက်ျားလေးတွေပို အကြိုက်များတာကတော့ လှိုင်းပုံ၊ သင်္ဘောပုံ နဲ့ သံလိုက်အိမ်မြောင်ပုံတို့အထိုးများပါတယ်။

Source: gq.com

Tatt ထိုးခြင်းဟာ ဆံပင်ကေပြောင်းသလိုပါပဲ။ ကိုယ်မညှပ်ဖူးရင် ကိုယ်နဲ့မလိုက်ဘူးလို့ထင်ရပေမယ့် ညှပ်ပြီးမှကိုယ်နဲ့လိုက်နေတော့ ပီတိဖြစ်ရသလိုမျိုးပါပဲ။ တက်တူးထိုးတဲ့ အခါထိုးပြီးမှ အထာကျနေတော့ စိတ်ကျေနပ်ရတာမျိုးပါ။ ကျောတပြင်လုံးအကြီးကြီးထိုးမှ ယောက်ျားပီသတာမဟုတ်ပါဘူး။

Source: gq.com

ခုနောက်ပိုင်းခေတ်စားလာတဲ့ Micro Tatt လေးတွေဟာလည်း ထိုးပြီးရင် နောင်တရစေမယ့် အမှားထဲမှာမပါပါဘူး။ အသက်ကြီးလာရင်တောင် ကိုယ့်မျိုးဆက်တွေကို Micro Tatt က ကိုယ်တွေလက်ထက်မှာ ခေတ်စားခဲ့တယ်ဆိုတာကို Classic အနေနဲ့ပြန်ပြသခွင့်တောင်ရဦးမှာပါ။ ကဲ ဒီလောက်ဆို ပြေးထိုးသင့်ပါပြီ ခါတော်မှီလေးပေါ့။