မီမီဝင်းဖေရဲ့ SOLO CONCERT ကို သြဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီအချိန်မှာ SKY STAR HOTEL မှာ ကျင်းပသွားခဲ့ပါတယ်။ မတွေ့ရ မမြင်ရတာ ကြာပြီဖြစ်တဲ့ မီမီဝင်းဖေရဲ့ LIVE ဖျော်ဖြေတင်ဆက်မှုတွေကို စောင့်မျှော်နေကြမယ့် ပရိသတ်တွေအတွက်တော့ သတင်းကောင်းတစ်ခုပါ။

Source: မီမီဝင်းဖေ Solo Concert Facebook

လက်မှတ်ဈေးနှုန်းတွေကတော့ ငါးသောင်း ၊ သုံးသောင်း နဲ့ နှစ်သောင်းအသီးသီးရှိပြီး လက်မှတ်အားလုံးကုန်သွားခဲ့ပါတယ်။ မီမီဝင်းဖေကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေများစွာ လာရောက်အားပေးသွားခဲ့ကြပါတယ်။

Source: Mie Mie Win Pe Facebook Page

တေးသီချင်းအေးအေးလေးတွေ အသံချိုချိုလေးတွေနဲ့ ပရိသတ်ရင်ကို သိမ်းပိုက်ခဲ့တာဟာ ခုဆိုရင် နှစ်ပေါင်း ၃၀ တိုင်ခဲ့ပြီဖြစ်ပါတယ်။ တကိုယ်တော်ရှိုးပွဲလုပ်ဖို့အတွက် စီစဉ်ခဲ့တာအတော်ကြာခဲ့ပြီ ဖြစ်ပေမယ့်လည်း ခုမှသာ တကယ်လုပ်နိုင်ခဲ့တာလို့ သူမက ဆိုပါတယ်။

Source: Mie Mie Win Pe Facebook Page