အခြားလူတွေရဲ့ ယုံကြည်ကိုးစားမှု၊ လေစားမှုကို ရယူဖို့ဆိုတာ တကယ်မလွယ်တဲ့ အလုပ်တခုပါ။ လူတွေလေးစားအောင် အမှားတွေမလုပ်ပဲ ဆင်ဆင်ခြင်ခြင်နေထိုင်သွားလာပြောဆိုရတယ်။ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာရပါသေးတယ်။

အခု kwee page ကနေပြီးတော့ မိမိကိုယ်လူအထင်သေးစေမယ့် အလေ့အကျင့်ဆိုးတချို့ကို ကွီးတို့ သိထားအောင်ပြောပြေးမှာပါ။ ဒီအကျင့်ဆိုးတွေကို တတ်နိုင်သမျှ မလုပ်မိအောင် ရှောင်ကျဉ်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းကိုချိုးဖောက်တာ

Source; Brothers of the Book

ကိုယ်သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ကိုယ်တိုင်ပြန်ချိုးဖောက်နေတာက ဘယ်လိုမှ လေးစားလို့မရတဲ့ အပြုအမှုတခုပါပဲ။သူတို့က အပြောတမျိုးအလုပ်တမျိုးလုပ်တတ်တဲ့သူတွေပါ။ ယုံကြည်ကိုးစားလို့ မရတဲ့သူတွေပါ။

လူတွေကသူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ပွင့်ပွင့်လင်းလင်းပြောတတ်ကြပါတယ်။ ဥပုဒ်နေ့ ဘုရားကျောင်းသွားပြီး ဥပုဒ်စောင့်မယ်တို့၊ မဟုတ်မမှန် စကားကိုမပြောတတ်ဖူးတို့ စသဖြင့် ပြောတတ်ကြတယ်။

ပြောပြီးရင် ကိုယ်ပြောထားတဲ့တိုင်း လိုက်နာလိုက်လုပ်ဖို့ လိုအပ်ပါတယ်။ သေရေးရှင်ရေးက လွဲရင် ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မချိုးဖောက်မိပါစေနဲ့။ လူတွေရဲ့ ယုံကြည်မှုနဲ့လေးစားမှုတွေကို ဒီနည်းနဲ့ ရယူရတာပါ။

တစ်ခွန်းမေးတစ်ခွန်းပဲဖြေခြင်း

Source: Business Insider

တစ်ခွန်းမေးရင် တစ်ခွန်းပဲ ဖြေခြင်းက စကားပြောရမှာရှက်တာ ဒါမှမဟုတ် စကားမပြောချင်တာလား ဆိုတာထင်စရာဖြစ်သွားပါလိမ့်မယ်။ Chat Box မှာကောင်မလေးတွေက ကွီးတစ်ခွန်းမေးရင် သူတို့ကလည်း တစ်ခွန်းပဲပြန်ဖြေတဲ့ ခံစားချက်ကိုကွီးတို့ ကောင်းကောင်းကြီးသိပါလိမ့်မယ်။

တခြားလူက ကွီးတို့က “ဘယ်ကလာလဲ”မေးရင် “ရန်ကုန်ကပါ” လို့တုံးတိတိမဖြေပါနဲ့။“ကျနော် ရန်ကုန်ကလာတာပါ။ ကျနော်တို့မြို့က အရမ်းသာယာတာဗျ။ အုပ်ချုပ်တဲ့ သူတွေက အရမ်းတော်တာလေ။ မီးလည်းတခါမှ ပျတ်လေ့မရှိဘူးဗျ။ အလုပ်လည်းပေါတယ်ဗျ။” စသဖြင့် ဖြေပေးပါ။ ဒါကဆက်ပြီး စကားဆက်ပြောဖို့ သူတို့တွေကို အခွင့်အရေးပေးလိုက်တာနဲ့တူပါတယ်။ကိုယ်ဖြေလိုက်တဲ့ အထဲမှာ သူတို့မေးခွန်းတွေ ထပ်မေးပါလိမ့်မယ်။

ညည်းညူလွန်းတာ

Source: Freepik

“ငါအရမ်းဝလာတာပဲ။ ဒီပုံအတိုင်းဆိုဘယ်သူမှ ငါ့ကိုကြိုက်ကြတော့မှာမဟုတ်ဘူး။ ခေါင်းကိုက်လိုက်တာ။ ပိုက်ဆံပြတ်သွားပြန်ပြီ” စသဖြင့် တချိန်လုံငြီးတွားပြနေတာကတဖက်လူကို စိတ်အနှောက်အယှက် အရမ်းဖြစ်စေပါတယ်။

ကိုယ့် ရဲ့ပြဿနာကို ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ မကြောက်ပါနဲ့။ ကွီးတို့ရဲ့ သူငယ်ချင်းတွေက အကြံပေးဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့အားနည်းချက်၊ ကျရှုံးမှုတွေကို မကြာခဏမငြီးတွားမိပါစေနဲ့။

သူများအကြောင်းမကောင်းပြောခြင်း/အသိတွေအကြောင်းမကောင်းပြောခြင်း

Source : CafeF

အလုပ်လုပ်ဖော်လုပ်ဖက်တွေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ နေပုံထိုင်ပုံတွေကို ဟာသတွေပြောပြီး အပြောင်အပျက်လုပ်တာက ပျော်ဖို့ကောင်းပါတယ်။ဒါပေမဲ့ တခြားလူတွေရဲ့စိတ်ထဲမှာ “ဒီနေ့ ဟိုတယောက်အကြောင်းမကောင်းပြောပြီးပြီ။ ငါ့အလှည့်ဘယ်တော့ရောက်လာမလဲမသိဘူး” ဆိုတဲ့ အတွေးတွေ ဝင်သွားတတ်ပါတယ်။

လူတယောက်ရဲ့ တန်ဖိုးကို ဒီလူက အခြားလူတယောက်အပေါ် ဘယ်လောက်လေးစားမှုရှိလဲဆိုတာနဲ့ ဆုံးဖြတ်တာပါ။ အဆိုးမြင်ဝါဒ တွေကို အတတ်နိုင်ဆုံးရှောင်ရှားဖို့ အကြံပေးချင်ပါတယ်။