အမျိုးသားတွေအနေနဲ့ Underwear တွေကို မလျှော်ပဲ အကြိမ်ကြိမ်ပြန်ဝတ်နေမိလား။ Underwear တွေဆိုတာ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်သာမက ကျန်းမာရေးအတွက်လည်း အရေးကြီးတာမို့ နေ့စဉ်ပုံမှန်လျှော်ဖွတ်ပြီး အလဲလှယ်လုပ် ဝတ်သင့်ပါတယ်။ အကယ်၍ Underwear တွေကိုမလျှော်ပဲ ထပ်ခါထပ်ခါ ပြန်ဝတ်နေမိမယ်ဆိုရင်တော့ အခုပြောပြမယ့် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၁) အနံ့သက်ဆိုးတွေ ထွက်စေတယ်

 Men and underwear

Photo : Undywears

ကျွန်တော်တို့ရဲ့ အတွင်းဘက် ကိုယ်အင်္ဂါအစိတ်အပိုင်းနေရာတွေက ချွေးထွက်အများဆုံး ဖြစ်ပါတယ်။ အတွင်းခံဘောင်းဘီတွေကို ပုံမှန်လျှော်ဖွတ်မပေးဘူးဆိုရင် ချွေးနဲ့ဘက်တီးရီယားတွေ ပေါင်းစပ်ကာ ဆိုးရွားတဲ့ အနံ့သက်တွေကိုဖြစ်ပေါ်လာစေမှာပါ။ ဒါကြောင့် တစ်ရက်ဝတ်ထားပြီး ဘောင်းဘီကို တစ်ရက်ပုံမှန်လျော်ဖွတ်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

(၂) အရေပြားယားယံစေတယ်

 Cariloha Best Boxer Briefs as Rated by Rave

Photo : Cariloha Blog

သန့်စင်လျှော်ဖွတ်မှုမရှိတဲ့ အတွင်းခံတွေဟာ များသောအားဖြင့် ချွေးတွေ ၊ အစွန်းအထင်းတွေနဲ့ ညစ်ပတ်နေတက်ပါတယ်။ ဒီလိုသန့်ရှင်းမှုမရှိတဲ့ ဘောင်းဘီတွေကို ဝတ်မယ်ဆိုရင် အရေပြားယားယံစေတဲ့ ပွေး ၊ ဝဲ စတဲ့အရေပြားဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပြီး ကုပ်ဖဲ့ခြင်းကတဆင့် အနာများ၊ အဖုအပိန်များ ၊ အရည်များထွက်ခြင်း‌ နဲ့ ပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

(၃) ဝက်ခြံနဲ့ အရေပြားပြဿနာများ ဖြစ်စေတယ်

 UFM Men's Underwear

Photo : Ufmmensunderwear

ဝက်ခြံဆိုတာ မျက်နှာအရေပြားမှာပဲ ပေါက်တာမဟုတ်ပါဘူး။ ပေါင် ၊ တင်ပါး နဲ့ လိင်အင်္ဂါတဝိုက်မှာလည်း ဝက်ခြံပေါက်တက်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့ အတွင်းခံတွေမှာ မှိုတွေစွဲကပ်နေတက်ပြီး မှိုတွေကနေ လိင်အင်္ဂါတစ်ဝိုက်မှာ ဝက်ခြံနဲ့ အဖုအပိန့်တွေနဲ့ အရေပြားရောင်ရမ်းခြင်းများ ၊ အနီကွက်များ စတဲ့အရေပြားဆိုင်ရာပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

(၄) ဆီးလမ်းကြောင်းပိုးဝင်စေနိုင်တယ်

 man Pouched Underwear
Photo : The Manual

အပေါ့သွားပြီးတဲ့အခါ အတွင်းခံဘောင်းဘီမှာ အစွန်းအထင်းတွေကျန်နေခဲ့ပြီး ကြာလာတဲ့အခါ ချွေးတွေ ဖုန်တွေကတဆင့် မှိုနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားကာ ဘောင်းဘီမှာ စွဲကပ်နေတက်ပါတယ်။ ဒီလိုမျိုး သန့်ရှင်းမှုမရှိတဲ့ ဘောင်းဘီတွေကို ထပ်တလဲလဲ ပြန်ဝတ်မယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ လိင်အင်္ဂါဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေများစေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကွီးတို့အနေနဲ့ အတွင်းခံဘောင်းဘီတွေကို တစ်ရက်တစ်ထည် အလဲလှယ်လုပ်ဝတ်ပါ။ တစ်နေ့ဝတ်ပြီးသား ဘောင်းဘီတွေကို ပုံမှန်လျှော်ဖွတ်သန့်စင်ပြီးမှ နောက်တစ်ကြိမ်ပြန်ဝတ်ပါ။ အနည်းဆုံး ၆ လတစ်ကြိမ်လောက် အတွင်းခံဘောင်းဘီအသစ် ဝယ်ယူပြီး အလဲလှယ်လုပ် ဝတ်ဖို့အကြံပြုချင်ပါတယ်။

Featured Photo : Men and underwear