သီချင်းတွေက လူတွေရဲ့ စိတ်ထဲကို ဖမ်းစားနိုင်တယ်ဆိုတာကတော့ ပြောနေစရာမလိုပါဘူး။ အခုလိုမျိုး စွဲလမ်းဖွယ်သီချင်းတွေကို ရရှိစေဖို့ စာသားတွေ၊ သံစဉ်တွေကောင်းနေရုံနဲ့ မရသေးပဲ သီဆိုတဲ့အဆိုတော်တွေပါ တကယ် ခံစားချက်ကို ပေးစွမ်းနိုင်ဖို့ လိုအပ်ပါတယ်။

အခုပြောသွားမယ့် သီချင်းတွေကတော့ အဆိုတော်တွေကိုယ်တိုင် ယခု Music Video တွေကို ရိုက်နေရင်းနဲ့ မျက်ရည်ကျလောက်တဲ့အထိကို ကောင်းမွန်တဲ့သီချင်းတွေပဲဖြစ်ပါတယ်။

1. Sinead O’Connor – Nothing Compares 2 U

ယခုသီချင်းရဲ့ Music Video ကတော့ အဆိုတော် Sinead O’Connor ရဲ့ မျက်နှာကို အဓိကထားပြီး ရိုက်ထားတဲ့ Music Video တစ်ခုဖြစ်ပြီး သီချင်းရိုက်ကူးနေတုန်းမှာ သူမ အသက် ၁၉ နှစ်တုန်းက မိခင်သေဆုံးမှုနဲ့တိုက်ဆိုင်တဲ့စာသားအရောက်မှာတော့ မျက်ရည်ကျခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး မျက်ရည်ကလည်း ကြိုတင်စီစဉ်ထားတာမဟုတ်ဘူးလို့ နောက်ပိုင်းမှာ Rolling Stone မဂ္ဂဇင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။

2. Michael Jackson – She’s Out of My Life

ဒါကတော့ လူတိုင်း အကြိုက်ဆုံး King of Pop ဖြစ်ခဲ့တဲ့ Micheal Jackson ရဲ့ အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ပါ။ Micheal Jackson က ဘယ်လောက်တောင်မှ ဒီသီချင်းကို ခံစားချက်အပြည့်နဲ့ ဆိုထားသလဲဆိုတာကတော့ ပြန်ပြီးကြည့်ကြည့်လိုက်ပါ။

3. Miley Cyrus – Wrecking Ball

အဆိုတော်မလေး Miley Cryus ဟာ အပျော်ဖက်ရောက်တဲ့ Pop သီချင်းတွေ၊ အချစ်သီချင်းတွေ သီဆိုတတ်ပေမယ့် ဒီသီချင်းမှာတော့ သူ့ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ကို ပေါက်ကွဲထားခဲ့ပါတယ်။ ဒီသီချင်းကတော့ လူတိုင်းသိနေပြီးသား သီချင်းတစ်ပုဒ်ဆိုတော့ ထပ်ပြီး ပြောနေဖို့လည်း မလိုတော့ဘူးထင်ပါတယ်။

4. Yeah Yeah Yeahs – Maps

Yeah Yeah Yeah အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်ဖြစ်တဲ့ Karen O’s က အခု Music Video မှာ ထူးထူးခြားခြားကို မျက်ရည်ကျခဲ့ပြီးတော့ အဲ့ဒါကလည်း သူမကိုယ်တိုင်က သူမရဲ့ ချစ်သူက အဆိုပါ Music Video ရိုက်ကူးတဲ့နေရာကို လာမယ်လို့ ပြောကြားထားခဲ့ပေမယ့် မရောက်လာခဲ့ပဲ Music Video ရိုက်တဲ့အချိန်ကြမှ ရောက်လာခဲ့တာကြောင့်ဖြစ်တယ်လို့ ပြန်ပြောခဲ့ပါတယ်။

5. Kanye West – Wolves

အဆိုတော်ကြီး Kanye West ရဲ့ ဒီ Music Video ကတော့ အကောင်းဆုံးလို့တောင်ပြောလို့ရသလို Music Video တစ်ခုလုံးကလည်း စိတ်ခံစားချက်တွေအပြည့်ပါဝင်နေပါတယ်။ Rap နဲ့ Hip Hop ကို ကြိုက်တဲ့သူရော၊ မကြိုက်တဲ့သူတွေပါ ခံစားလို့ရမှာပါ။