တစ်ချို့အားကစားတွေဟာ Equipment မလိုဘဲ နေရာမရွေး ကစားနိုင်ပါတယ်။ ဒီလို အားကစားနည်းတွေထဲမှာ Push Ups လို့ခေါ်တဲ့ ဒိုက်ထိုးကစားနည်းလည်း ပါပါတယ်။ ဒိုက်ထိုးကစားနည်းဟာ လွယ်ကူသလောက် အကျိုးများတဲ့ Workout ဖြစ်ပါတယ်။

(၁) ကြွက်သားအားလုံး ကြံ့ခိုင်သန်မာစေခြင်း

Source: Unsplash

ဒိုက်ထိုးကစားနည်းဟာ ပုခုံး ၊ ကျော ၊ လက်မောင်းနဲ့လက်ပြင် စတဲ့ ကြွက်သားအုပ်စုအားလုံးကို လှုံ့ဆော်ပေးပါတယ်။ အရေးပါတဲ့ ကြွက်သားအားလုံးကို အလုပ်ပေးတာ ဖြစ်လို့ကြွက်သားကြံ့ခိုင်မှု မြင့်မားစေပါတယ်။

(၂) နှလုံးကျန်းမာရေး အားပေးခြင်း

Source: Pixabay

တစ်နေ့ကို အကြိမ်ပေါင်း ၄၀ နဲ့အထက် ဒိုက်ထိုးလေ့ရှိသူတွေဟာ ဒိုက်ကစားမှု မရှိတဲ့သူတွေထက် နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်ဖို့၉၆% ပိုနည်းစေတယ်လို့JAMA Network Open ဆေးဂျာနယ်က ဖော်ပြထားပါတယ်။ ဒိုက်ထိုးတယ်ဆိုတာ ကြွက်သားတွေကို အလုပ်ပေးရုံတင်မဟုတ်ဘဲ နှလုံးကို အောက်ဆီဂျင်ပေးပို့မှုပါ ပိုမို မြန်ဆန်စေပါတယ်။ နှလုံးအလုပ်လုပ်မှုမှန်ကန်ခြင်းအပြင် ကိုယ်ခန္ဓာမှာ သိုလှောင်ထားတဲ့ မလိုအပ်တဲ့ အဆီတွေပါ လျှော့ချပေးနိုင်ပါတယ်။

(၃) ဟော်မုန်းကျန်းမာရေး ကောင်းမွန်စေခြင်း

Source: Pexels

ဒိုက်ကစားလို့ရတဲ့ အကျိုးကျေးဇူးတွေထဲမှာ နောက်ထပ်ထူးခြားတာက HGH လို့ခေါ်တဲ့ Human Growth Hormone တွေပါ တိုးပွားစေပါတယ်။ HGH ဟာ ကလေးငယ်နဲ့အရွယ်ရောက်စ လူငယ်တွေမှာ အများဆုံး ကြီးထွားပြီး ခန္ဓာကိုယ်ဖွဲ့စည်းမှုကို ထိန်းညှိပေးသလို ကြွက်သား ၊ အရိုးနဲ့ကိုယ်တွင်း အရည်တွေအပြင် ဇီဝကမ္ပလုပ်ဆောင်ချက်ပါ မှန်ကန်စေပါတယ်။

(၄) ကိုယ်နေဟန်ထား မှန်ကန်စေခြင်း

Source: Pixabay

လက်ပြင်ကုန်းနေတယ်ဆိုရင် ဒိုက်ပုံမှန် ထိုးသင့်ပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေ့လုံး ထိုင်နေရတဲ့သူတွေအတွက် Push Up လုပ်ပေးခြင်းဟာ တကယ့်ကို ထိရောက်လွယ်ကူတဲ့ ကျန်းမာရေးအလေ့အထပါ။ နည်းစနစ်မှန်မှန် ဒိုက်ထိုးမယ်ဆိုရင် ခါးနာတာ ၊ လက်ပြင်ကိုင်းတာနဲ့ပုခုံးဖွဲ့စည်းပုံတွေပါ အများကြီး ကောင်းမွန်တိုးတက်လာမှာ ဖြစ်ပါတယ်။

Featured Image Source : Pexels