ရမ်လို့ ပြောလိုက်ရင် အပြင်းစား သောက်သူအတော်များများ အကြိုက်တွေ့ကြပါလိမ့်မယ်။ တကယ်တော့ ရမ်အရက်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ယမကာတစ်မျိုးဖြစ်ပါတယ်။ ဥပမာပြောရရင် ဩဂုတ်လ ၁၆ ရက်နေ့ဟာ National Rum Day ပါတဲ့။ ရမ်အတွက် နေ့ထူးနေ့မြတ်သက်သက်ပေးရတဲ့အဖြစ်ကိုက စိတ်ဝင်စားစရာပါ။ ဒါ့အပြင် တခြားလည်း ရမ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်လေးတွေ ရှိပါတယ်။
(၁) သက်တမ်းအရင့်ဆုံး ယမကာဖြစ်တယ်

Photo: themost10v
ပထမဆုံးရမ်အရက် ပေါင်းခံချက်လုပ်မှုကို ၁၆၂၀ ပြည့်လွန်နှစ်တွေက ကာရစ်ဘီယံဒေသမှာ လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေ့အထိလည်း ကာရစ်ဘီယံဒေသဟာ ကမ္ဘာ့အကြီးဆုံး ရမ်ပေါင်းခံချက်လုပ်တဲ့ ဒေသဖြစ်နေဆဲပါ။ တစ်နေ့ကို ရမ်လီတာ ၁ သိန်းအထိ ထုတ်လုပ်တယ်လို့ ဆိုပါတယ်။
(၂) တစ်ခါက ပိုက်ဆံလို သုံးခဲ့ပါတယ်

Photo: themost10v
၁၈ ရာစုနှစ်ကာလတွေက ရမ်ဟာ အဖိုးတန်ပစ္စည်းတစ်ခုဖြစ်ပြီး ငွေကြေးဖလှယ်ရေးပစ္စည်းသဖွယ် သုံးခဲ့ပါတယ်။ သင်္ဘောသားတွေဟာ လစာအဖြစ် ရမ်အရက်ကို ယူခဲ့တာတွေတောင် ရှိခဲ့ပါတယ်။
(၃) အလှအပအတွက် သုံးခဲ့တယ်

Photo: themost10v
ရမ်ဟာ ဆံပင်ကျွတ်ခြင်းကို တားဆီးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်ပဲ ၁၈၀၀ ပြည့်လွန်နှစ်တွေက ရမ်ကို ခေါင်းလျှော်ရည်တစ်မျိုးလို သုံးခဲ့ကြတာ ဖြစ်ပါတယ်။ ရမ်နဲ့ ခေါင်းလျှော်ခြင်းအားဖြင့် ဆံပင်ထူပြီး ကောင်းလာမယ်လို့ ယုံကြည်ခဲ့ကြတာပါ။
(၄) ရမ်မှာ နာမည်ပြောင်တွေ အများကြီးရှိပါတယ်

Photo: themost10v
သက်တမ်းရှည်တဲ့ ယမကာတစ်မျိုးဖြစ်တဲ့ အတိုင်း ရမ်ချစ်သူတွေက သူ့ကို ခေတ်အဆက်ဆက် နာမည်ပြောင်အမျိုးမျိုး ပေးခဲ့ကြပါတယ်။ ဒီထဲမှာ Kill-Devil, Demon Water, Navy Neaters, Nelson’s Blood, Barbados Water, Grog, Pirates Drink နဲ့ Rumbullion ဆိုတဲ့ နာမည်တွေလည်း ရှိပါတယ်။
