ပန်းရောင်ကို မိန်းမဆန်တဲ့လို့ ယူဆထားတယ်ဆိုရင်တော့ အမှားကြီးမှားသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ ၂၀၁၈ မှာ ယောက်ျားတွေအတွက် Millennial Pink လို့ခေါ်တဲ့ ပန်းနုရောင် Hoodie တွေဟာ ခေတ်စားလာလို့ပါ။ ၂၁ ရာစုမှာနေနေပြီးဒီလို Gender ခွဲခြားတဲ့အတွေးအခေါ်တွေဆိုဖျောက်သင့်ပါတယ်။ အရောင်နုတွေကို အမျိုးသမီးတွေဝတ်ကြတာများပေမဲ့ ယောက်ျားတွေ မဝတ်ရဖူးလို့ ဘယ်တားမြစ်ချက်မှမရှိပါဘူး။

Source: gq.com
တကယ်တော့ ပန်းရောင်ဟာ ၁၂ ရာသီ ခေတ်စားနေတဲ့ အရောင်မျိုးလည်းမဟုတ်ပါဘူး သူ့အချိန်နဲ့သူပဲဝတ်ခွင့်ရတာမျိုးပါ။ ဥပမာအနေနဲ့ ပြောပြရရင်တော့ ဒီနိုင်ငံမှာဆို မိုးတွင်းဟာ အရောင်နုလွန်းတာတွေ ရှောင်ဝတ်သင့်တဲ့ ကာလာမျိုးဖြစ်ပါတယ်။ သို့ပေမယ့် နွေရာသီမှာဆိုရင်တော့ ကြည့်ရတာအေးမြပြီးဝတ်ဆင်သင့်တဲ့ အရောင်တွေထဲမှာပါပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ခေတ်ထလာတဲ့ နွေဦးရာသီဖက်ရှင်အရ ပန်းနုရောင်ဟာ မိန်းကလေးတွေအတွက်သာမက ယောက်ျားလေးတွေအတွက်ကော Trend ဖြစ်လာပါတယ်။

Source: gq.com
ဒီ ၂၀၁၈ မှာ အမျိုးသမီးဂါဝန်တွေဟာ ပန်းနုရောင်ပိုများလာသလို အမျိုးသားတွေအတွက်လည်း ခေါင်းဆောင်း အနွေးထည်တွေကိုပန်းရောင်နဲ့ထုပ်လာကြတာကို တွေ့ရပါတယ်။ အမျိုးသားဝတ် ပန်းရောင် Hoodie တွေဟာ ကာကီရောင်ဘောင်းဘီတွေအပြင် Jeans အနက်တွေနဲ့လည်းလိုက်ဖက်မှုရှိပါတယ်။ စာရေးသူတို့ နိုင်ငံမှာလည်းနွေရာသီဆို ဒီလိုမျိုး Light ဖြစ်တဲ့ အရောင်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ နေပူကြီးထဲ ပန်းရောင် Hoodie ဝတ်ပြီးလျှောက်သွားရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ညနေဘက်လောက်ဆိုရင်တော့ အထာကျကျဝတ်လို့ရပါတယ်။

Source: gq.com
ဘာလို့ပန်းနုရောင်ဟာခေတ်စားလာလဲ။ အရောင်တိုင်းမှာ သူ့ အဓိပ္ပယ်နဲ့သူရှိပါတယ်။ အဓိက ကတော့ ပေါ့ပါးလန်းဆန်းစေပြီး Refresh ဖြစ်စေတဲ့အရောင်မို့လို့ပါ။ ပုရိသတို့ကို အားပေးချင်တာက ပန်းရောင်ဆိုပြီးမဝတ်ရဲပဲ ရှိန်မနေပါနဲ့။ ၂၀၁၈ ရဲ့ဖက်ရှင်အရ ယောက်ျားလေးတွေလည်း ဝတ်နေကြလို့ ယုံကြည်မှုအပြည့်နဲ့ ဝတ်စေချင်ပါတယ်။ ခေတ်စားနေတဲ့ Hoodie တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။