K-Pop ဂီတဟာ နာမည်ကြီး EXO ၊ Black Pink လိုမျိုး အဖွဲ့တွေတင်မဟုတ်ဘဲ တကယ်ကိုနားထောင်ကောင်းတဲ့သီချင်းတွေကို သီဆိုတဲ့သူတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် သူတို့ကြတော့ Production နဲ့ နောက်ကွယ်က Agency က Promotion နည်းပါးတဲ့အတွက် အောင်မြင်သင့်သလောက်မအောင်မြင်တဲ့ သီချင်းတွေဖြစ်လာပါတယ်။

အဲ့ဒါကြောင့် အခုအချိန်မှာတော့ နားထောင်ကောင်းပေမယ့် လူသိနည်းတဲ့ K-pop သီချင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

1. Wings – Hair Short

သေချာတာကတော့ အခု Wings အဖွဲ့ကို ကြားဖူးတဲ့သူနည်းလောက်မှာပါ။ ၂၀၁၄ ခုနှစ်တုန်းက စတင်ပြီးတော့ K-pop လောကထဲကို ဝင်ရောက်လာပြီးတော့ မိန်းကလေး ၂ ယောက်ဖြစ်တဲ့ Ye Seul နဲ့ Na Yeon တို့နဲ့ ဖွဲ့ထားတာပဲဖြစ်ပါတယ်။ အခု Hair Short သီချင်းကလည်း ကြားလိုက်တာနဲ့ စိတ်ထဲစွဲသွားစေမယ့်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

2. Robin Hoon – Amaze Me

Robin Hoon ကလည်း လူသိနည်းတဲ့ DJ တစ်ယောက်ဖြစ်ပြီးတော့ အခုဒီသီချင်းက သီဆိုသူနှစ်ယောက်ပါဝင်ပြီး Ellie နဲ့ Anna တို့က အားဖြည့်ပေးထားတာဖြစ်ပါတယ်။ ဘာကြောင့်ဒီသီချင်းကို ညွန်းပေးရသလဲဆိုရင်တော့ ပုံမှန် Disco Music ကိုမှ Pop Music နဲ့ Ballad သီချင်းပုံစံတွေကိုပါ ရောသမမွှေထားပြီးတော့ တကယ်ကို နားထောင်ရတာ ဆန်းသစ်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တာကြောင့်ပါ။

3. The Ark – The Light

ဒီသီချင်းက ထွက်ထားတာ ၂၀၁၅ ကဖြစ်တဲ့အတွက် အခုအချိန်မှာတော့ တော်တော်လေးကို ကြာနေပြီဖြစ်တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီသီချင်းက ပေးချင်တဲ့ Message တွေက ဘာသာစကားနားမလည်ရင်တောင်မှ ရင်ကိုထိစေမှာဖြစ်ပြီးတော့ အခု Music Video လေးကို ကြည့်ရင်းနဲ့ မျက်ရည်တောင် ကျမိနိုင်ပါတယ်။

4. Berry Good – Because of You

၂၀၁၄ ခုနှစ်တုန်းက စတင်မိတ်ဆက်ခဲ့ပြီး ၁ နှစ်လောက်အတွင်းမှာတင် အောင်မြင်မှုပျောက်ဆုံးသွားတဲ့ ဒီ Berry Good အဖွဲ့ဟာ သီချင်းတွေ လန်းဆန်းပြီးတော့ သီဆိုပုံကောင်းတယ်ဆိုပေမယ့် အောင်မြင်မှုကို လုံးဝမရရှိခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

2. 15& – Silly Boy

အခု အဖွဲ့ကတော့ JYP Agency ကနေ ထွက်လာတာဖြစ်ပေမယ့် မအောင်မြင်ခဲ့တဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။ အဆိုတော်နှစ်ယောက်ဖြစ်တဲ့ Park Ji Min နဲ့ Beak Ye Rin တို့က ဒီ Silly Boy သီချင်းမှာ တစ်ခါနားထောင်လိုက်တာနဲ့ စိတ်ထဲစွဲသွားအောင်ကို သီဆိုနိုင်တာဖြစ်ပါတယ်။