[Zawgyi]

ထိတ္လန္႔ေျခာက္ျခားဖြယ္ဇာတ္ကားေကာင္းေတြကိုမွ ႀကိဳက္ႏွစ္သက္ပါတယ္ဆိုတဲ့ ပရိသတ္ေတြအတြက္ လက္ရွိရံုတင္ေနတဲ့အၾကမ္းစား Horror Movie ဇာတ္ကားတစ္ကားနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။Death Whisper လို႔အမည္ရတဲ့ ဒီဇာတ္ကားကေတာ့ အင္ဒိုနီးရွား Horror Movie အမ်ဳိးအစားျဖစ္ၿပီး ၁၉၉၈ ခုႏွစ္ကေအာင္ျမင္ေက်ာ္ၾကားလူႀကိဳက္မ်ား ခဲ့တဲ့ Whispering Corridors ဆိုတဲ့ Korean Horror Movies ဇာတ္ကားကိုအေျခခံၿပီးျပန္လည္ဆန္းသစ္ရိုက္ကူးထားတာျဖစ္ပါတယ္။အင္ဒိုနီးရွားသရဲကားေတြရဲ႕ထံုးစံအတိုင္း ေၾကာက္စရာေကာင္းတဲ့ Jump Scare ေတြ ရုတ္တရက္ ေပၚလာတဲ့ ေျခာက္ျခားဖြယ္ရာေျခာက္လွန္႔ခန္းေတြနဲ႔ ပရိသတ္ ေတြရင္ခုန္ေစအုန္းမွာေသခ်ာပါတယ္။

Source : Casey’s Movie Mania

Death Whisper ဇာတ္ကားကိုေတာ့ အင္ဒိုနီးရွားနာမည္ႀကီးဒါရိုက္တာတစ္ဦးျဖစ္တဲ့ Awi Suryadi ကဖန္တီးပံုေဖာ္ထားတာျဖစ္ၿပီး သရုပ္ေဆာင္ေတြကေတာ့ Amanda Rawles , Angga Yunanda , Teuku Ryzki , Arya Vasco , Naomi Paulinda တို႔ကအဓိကပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။ IMDB 6.7/10 ရရွိထားၿပီးေက်ာင္းသားလူငယ္ဇာတ္ကားျဖစ္တာေၾကာင့္ လက္တေလာလူငယ္ပရိသတ္ေတြၾကားမွာေတာ့ ေတာ္ေတာ္ေလးကိုေရပန္းစားေဟာ့ ျဖစ္ေနတဲ့ ရုပ္ရွင္ဇာတ္ကားတစ္ကားလို႔ဆိုရပါမယ္။ဇာတ္လမ္း အက်ဥ္းကေတာ့ Alex လို႔အမည္ရတဲ႔ေကာင္ေလးတစ္ေယာက္ဟာ နာမည္ႀကီးတဲ့ အထက္တန္းေက်ာင္းတစ္ေက်ာင္းမွာ ဝင္ခြင့္ရခဲ႔ပါတယ္။ဒါေပမယ့္ Alex အတြက္ေတာ့ ေပ်ာ္ရႊင္စရာမေကာင္းခဲ့ပါဘူး။

Source : MORGAN AWYONG

ဘာေၾကာင့္လဲဆိုရင္ဒီေက်ာင္းမွာက ေက်ာင္းသားအခ်င္းခ်င္းအႏိုင္က်င့္ဗိုလ္က်တဲ့အေလ့အထေတြရွိတာေၾကာင့္ပါ။ဒီလိုေန႔ ရက္တိုင္းကိုစိတ္ညစ္စြာပဲျဖတ္သန္းေနရတဲ့ Alex တစ္ေယာက္ တစ္ေန႔မွာေတာ့ Maggie လို႔အမည္ရတဲ့အတန္းေဖာ္ေကာင္မေလးေတြ ေတြ႔ဆံုရင္းႏွီးသြားခဲ့ပါတယ္။ Maggie နဲ႔ေတြ႔ၿပီးေနာက္ပိုင္းမွာေတာ့ Alex တစ္ေယာက္စိတ္ညစ္ရေပမယ့္လည္း စိတ္ေျဖစရာေလးတစ္ခု ရသြားသလိုျဖစ္လာပါေတာ့တယ္။ဒီလိုနဲ႔ တစ္ရက္မွာေတာ့ Alex နဲ႔ Maggie တို႔ကို အတန္းေဖာ္သူငယ္ခ်င္းေတြက သရဲေခၚတဲ့ Game မွာအတင္း ပါဝင္ကစားခိုင္းခဲ့ပါတယ္။သူတို႔ႏွစ္ဦးဒီသရဲေခၚတဲ့ဂိမ္းမွာပါဝင္ကစားခဲ့ၿပီးတဲ့ေနာက္မွာေတာ့ တကယ့္ကိုအေျပာင္းအလဲႀကီးတစ္ခုနဲ႔ စတင္ႀကံုေတြ႔လာရပါေတာ့တယ္။

Source : CGV

တစ္ရက္ၿပီးတစ္ရက္ ထူးဆန္းတဲ့အျဖစ္အပ်က္ေတြ ေျခာက္ျခားစရာေကာင္းတဲ့ ျမင္ကြင္းေတြကို သူတို႔ႏွစ္ဦးစတင္ျမင္ေတြ႔ လာရၿပီး ေက်ာင္းေတာ္ႀကီးဟာသူတို႔အတြက္ တကယ့္ကိုေၾကာက္မက္ဖြယ္အရာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေနရာႀကီးတစ္ခုျဖစ္လာပါေတာ့တယ္။Alex နဲ႔ Maggie ႏွစ္ေယာက္ဒီအျဖစ္အပ်က္ေတြကို ဘယ္လိုေတြရင္ဆိုင္ႀကံဳေတြ႕သြားရမလဲ။ေၾကာက္စရာေကာင္းတဲ့အျဖစ္အပ်က္ေတြၾကားကလြတ္ေျမာက္ႏိုင္မွာလား။ေက်ာင္းေတာ္ႀကီးမွာရွိတဲ့ မေကာင္းဆိုးဝါးေတြက ေရာဘယ္လိုေတြေသြးပ်က္ဖြယ္ေၾကာက္လွန္႔သြားၾကမွာလဲ စတဲ့ ေမးခြန္းမ်ားစြာကို ပရိသတ္ေတြကပဲ ရုပ္ရွင္ပိတ္ကားထက္ မွာ ရင္တထိတ္ထိတ္နဲ႔ ဆက္လက္ၾကည့္ရႈ႕ခံစားလိုက္ပါအုန္းေနာ္။

Source : CJ ENTERTAINMENT

ျပသေပးသြားမည့္ ႐ံုမ်ား

Junction City, City Mall (St.John).

[Unicode]

ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် လက်ရှိရုံတင်နေတဲ့အကြမ်းစား Horror Movie ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Death Whisper လို့အမည်ရတဲ့ ဒီဇာတ်ကားကတော့ အင်ဒိုနီးရှား Horror Movie အမျိုးအစားဖြစ်ပြီး ၁၉၉၈ ခုနှစ်ကအောင်မြင်ကျော်ကြားလူကြိုက်များ ခဲ့တဲ့ Whispering Corridors ဆိုတဲ့ Korean Horror Movies ဇာတ်ကားကိုအခြေခံပြီးပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။အင်ဒိုနီးရှားသရဲကားတွေရဲ့ထုံးစံအတိုင်း ကြောက်စရာကောင်းတဲ့ Jump Scare တွေ ရုတ်တရက် ပေါ်လာတဲ့ ခြောက်ခြားဖွယ်ရာခြောက်လှန့်ခန်းတွေနဲ့ ပရိသတ် တွေရင်ခုန်စေအုန်းမှာသေချာပါတယ်။

Source : Casey’s Movie Mania

Death Whisper ဇာတ်ကားကိုတော့ အင်ဒိုနီးရှားနာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ Awi Suryadi ကဖန်တီးပုံဖော်ထားတာဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Amanda Rawles , Angga Yunanda , Teuku Ryzki , Arya Vasco , Naomi Paulinda တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ IMDB 6.7/10 ရရှိထားပြီးကျောင်းသားလူငယ်ဇာတ်ကားဖြစ်တာကြောင့် လက်တလောလူငယ်ပရိသတ်တွေကြားမှာတော့ တော်တော်လေးကိုရေပန်းစားဟော့ ဖြစ်နေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလို့ဆိုရပါမယ်။ဇာတ်လမ်း အကျဉ်းကတော့ Alex လို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ နာမည်ကြီးတဲ့ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့် Alex အတွက်တော့ ပျော်ရွှင်စရာမကောင်းခဲ့ပါဘူး။

Source : MORGAN AWYONG

ဘာကြောင့်လဲဆိုရင်ဒီကျောင်းမှာက ကျောင်းသားအချင်းချင်းအနိုင်ကျင့်ဗိုလ်ကျတဲ့အလေ့အထတွေရှိတာကြောင့်ပါ။ဒီလိုနေ့ ရက်တိုင်းကိုစိတ်ညစ်စွာပဲဖြတ်သန်းနေရတဲ့ Alex တစ်ယောက် တစ်နေ့မှာတော့ Maggie လို့အမည်ရတဲ့အတန်းဖော်ကောင်မလေးတွေ တွေ့ဆုံရင်းနှီးသွားခဲ့ပါတယ်။ Maggie နဲ့တွေ့ပြီးနောက်ပိုင်းမှာတော့ Alex တစ်ယောက်စိတ်ညစ်ရပေမယ့်လည်း စိတ်ဖြေစရာလေးတစ်ခု ရသွားသလိုဖြစ်လာပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ Alex နဲ့ Maggie တို့ကို အတန်းဖော်သူငယ်ချင်းတွေက သရဲခေါ်တဲ့ Game မှာအတင်း ပါဝင်ကစားခိုင်းခဲ့ပါတယ်။သူတို့နှစ်ဦးဒီသရဲခေါ်တဲ့ဂိမ်းမှာပါဝင်ကစားခဲ့ပြီးတဲ့နောက်မှာတော့ တကယ့်ကိုအပြောင်းအလဲကြီးတစ်ခုနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။

Source : CGV

တစ်ရက်ပြီးတစ်ရက် ထူးဆန်းတဲ့အဖြစ်အပျက်တွေ ခြောက်ခြားစရာကောင်းတဲ့ မြင်ကွင်းတွေကို သူတို့နှစ်ဦးစတင်မြင်တွေ့ လာရပြီး ကျောင်းတော်ကြီးဟာသူတို့အတွက် တကယ့်ကိုကြောက်မက်ဖွယ်အရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုဖြစ်လာပါတော့တယ်။Alex နဲ့ Maggie နှစ်ယောက်ဒီအဖြစ်အပျက်တွေကို ဘယ်လိုတွေရင်ဆိုင်ကြုံတွေ့သွားရမလဲ။ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကြားကလွတ်မြောက်နိုင်မှာလား။ကျောင်းတော်ကြီးမှာရှိတဲ့ မကောင်းဆိုးဝါးတွေက ရောဘယ်လိုတွေသွေးပျက်ဖွယ်ကြောက်လှန့်သွားကြမှာလဲ စတဲ့ မေးခွန်းများစွာကို ပရိသတ်တွေကပဲ ရုပ်ရှင်ပိတ်ကားထက် မှာ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှု့ခံစားလိုက်ပါအုန်းနော်။

Source : CJ ENTERTAINMENT

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John).